Home
မြန်မာသတင်း
လက်ပံတန်းရဲစခန်းဝန်းအတွင်း မြေကျင်းတူးရာက ဗုံးသီးအဟောင်းများ တွေ့ရှိ
DVB
·
March 21, 2019
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့မရဲစခန်းဝန်းအတွင်းမှာ အဆောက်အဦ ဆောက်လုပ်ဖို့ မြေကျင်းတူးရာကနေ ဗုံးသီးအဟောင်း ၉၁ လုံးတွေ့ရှိခဲ့ပါတယ် လက်ပံတန်းရဲစခန်းဝန်းအတွင်းမှာ မတ်လ ၁၉ ရက်က ၄ ခန်းတွဲ ၂ထပ်အဆောက်အဦ ဆောက်လုပ်ဖို့ တော်ဝန်စံနန်းကုမ္ပဏီက ရှင်းလင်းရေးဆောင်ရွက်ရာ အဆောက်အဦဟောင်းကို ဘက်ဟိုးနဲ့ ဖြိုချပြီး မြေကြီးကော်ထုတ်စဉ် အရှည် ၁၂ လက်မ လုံးပတ် ၉ လက်မ ခန့်ရှိ သံချေးတက်နေတဲ့ ဗုံးသီးအဟောင်းတွေ တွေ့ရှိခဲ့တာပါ။ လက်ပံတန်းရဲစခန်းတာဝန်ရှိသူ တဦးက “ အဆောက်အဦဆောက်ဖို့ မြေကြီးကော်နေရင်း အုန်းပင်အမြစ်ကို ဘက်ဟိုးနဲ့ ဆွဲကော်ဖို့ဘေးက မြေကြီးတွေကို အရင်တူးနေရင်းနဲ့ ဗုံးသီး အဟောင်းတွေ့တာကြောင့် လုပ်ငန်းရပ်ပြီး ဆက်လက်ရှာဖွေခဲ့တာပါ။ အဲ့ဒီမှာ ဗုံးသီးအဟောင်း ၉၁ လုံးထိ တွေ့ရှိပါတယ်။ ဒါ့ကြောင့် ဆောက်လုပ်မယ့် လုပ်ငန်းကို ခဏရပ်ထားပြီး သက်ဆိုင်ရာ စစ်တပ်ကို အကြောင်းကြားတဲ့အခါ BE တပ်နဲ့ တပ်မ ၃၅ က တာဝန်ရှိသူတွေ ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။ ဗုံးသီးအဟောင်းတွေကို သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ် သို့မဟုတ် ခဲယမ်း မီးကျောက် တပ်သို့ အပ်နှံနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ သတင်း - ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024