Live
Home
သတင်းတို
နိုင်ငံရေးပါတီ ခေါင်းဆောင်ကို တရားစွဲ
DVB
·
October 12, 2012
ပြည်နယ်အစိုးရရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်နဲ့ ပြည်နယ်တွင်း ငြိမ်ဝပ်ပိပြားမှု ထိခိုက်အောင် ရေးသားဖော်ပြခဲ့တဲ့အတွက်ဆိုပြီး ပြည်သူ့ဒီမိုကရေစီပါတီ ခေါင်းဆောင် ဒေါက်တာသိန်းထိုက်ဦး နဲ့ ပါတီပိုင် ပြည်သူ့လုပ်သားသတင်းစဉ် တာဝန်ရှိသူ ၂ ဦးကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တွေနဲ့ အရေးယူပေးဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးတိုက်လျောက်ထားခဲ့ကြောင်း သိရပါတယ်။ ဒီလို တရားစွဲခံရတာဟာ ပြည်သူ့ဒီမိုကရေစီပါတီအနေနဲ့ ကချင်ပြည်နယ်သားတွေ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာကို ကူညီဆောင်ရွက်ပေးခဲ့လို့ ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်နေ့က တော်ဝင်နှင်းဆီ ခန်းမမှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဒေါက်တာသန်းထိုက်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲ ကျင်းပရေး ရန်ပုံငွေ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်သူ့ဒီမိုကရေစီပါတီတို့ သတင်းစာတွေကနေ အပြန်အလှန် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပြီး ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024