ကိုကိုးကျွန်းအနီး ပင်လယ်ပြင်စစ်ရေးလေ့ကျင့် (ဓာတ်ပုံ)
DVB
·
March 19, 2019
မြန်မာ့ရေပိုင်နက် ကိုကိုးကျွန်းအနီးမှာ တပ်မတော်(ရေ) စစ်ရေယာဉ်တပ်ပေါင်းစုက ပင်လယ်ပြင် စစ်ရေးလေ့ကျင့်နေပါတယ်။
စစ်ရေးလေ့ကျင့်ရာမှာ ရန်သူစီးနင်းသိမ်းပိုက်ထားတဲ့ ကုန်သွယ်ရေယာဉ်ပေါ်က ဓားစာခံတွေကယ်တဲ့ လေ့ကျင့်ခန်း၊ ရန်သူ့ ရေငုပ်သင်္ဘောနဲ့ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း၊ ရေငုပ်သင်္ဘောဖျက်မိုင်းနဲ့ရေမြှုပ်ဗုံးပစ်ခတ်တဲ့လေ့ကျင့်ခန်း၊ ရန်သူ့တာဝေးပစ် ပဲ့ထိန်းဒုံးလက်နက်တွေကို တန်ပြန်ပစ်ခတ်ချေမှုန်းတဲ့ လေ့ကျင့်ခန်း၊ ဒုံးပျံနဲ့ အမြောက်ကြီးတွေ ပစ်ခတ်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းအပါအ၀င် တပ်မတော် အကြီးအကဲတွေက အောင်ဇေယျစစ်သင်္ဘောပေါ်က လိုက်ပါကြည့်ရှုအားပေးခဲ့ကြပါတယ်။
တပ်မတော်(ရေ) အနေနဲ့ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်ရေး လေ့ကျင့်ခန်း တွေပြုလုပ်နေတာ ဒီတကြိမ်နဲ့ပါဆိုရင် ၅ ကြိမ်ရှိပြီလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- CINCDS