ပီရူး အဝေးပြေးလမ်းမပေါ်တွင် ကားတစီးပေါ် ရွှံ့မြေများပြိုကျ၊ လူ ၈ ဦး ပျောက်ဆုံးနေ

ပီရူးနိုင်ငံအလယ်ပိုင်း အဝေးပြေးလမ်းမပေါ်မှာ ကားတစီးပေါ် ရွှံ့မြေတွေ ပြိုကျခဲ့ပြီးနောက် လူ ၈ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသမီဒီယာက မတ်လ ၁၁ ရက်နေ့မှာ  သတင်းထုတ်ပြန်ပါတယ်။ လမ်းမပေါ်ကို ကျောက်တုံးတွေနဲ့ ရွှံ့မြေတွေ ပြိုကျပြီးနောက် ဟွမ်နိုကိုနဲ့ တင်ဂိုမာရီယာ မြို့နှစ်မြို့ကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကို ပိတ်ခဲ့ပါတယ်။ အဲဒီအတွက် ခရီးသည်တင် ဘတ်စ်ကားနဲ့ ယာဉ်တွေ နာရီချီပြီး သောင်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်ဆိုင်ရာက ရှင်းလင်းရေးလုပ်ဖို့ စက်ယန္တရားကြီးတွေ စေလွှတ်ခဲ့ပါတယ်။ ဟွမ်နိုကိုမြို့အနီးက တံတားပြိုကျခဲ့ပြီးနောက် ဒေသခံတချို့ဟာ သစ်တုံးကို အသုံးပြုကာ ရေစီးသန်တဲ့မြစ်ကို ဖြတ်ကူးနေရပါတယ်။ အာရာကိုချိုမြို့မှာ ရေကြီးနေတာကြောင့်လည်း ဒေသခံတွေဟာ အိုးအိမ်ဆုံးရှုံးတာတွေ ကြုံတွေ့နေပါတယ်။ ပီရူးနိုင်ငံမှာ ၁၂ နာရီကျော် မိုးသည်းထန်ပြီးနောက် ဒေသအတော်များများ ရေကြီးနေပြီး ရွှံ့ပြိုတာကြောင့် တံတားကျိုးတာတွေနဲ့ လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up