ခရီးသည် ၁၄၉ ဦး လိုက်ပါလာသည့် အီသီယိုးပီးယား ဘိုးရင်းလေယာဉ် ပျက်ကျ

အီသီယိုပီးယား လေကြောင်းလိုင်းပိုင် ဘိုးရင်း 737 လေယာဉ်တစီးဟာ အီသီယိုပီးယား မြို့တော် အဒစ်အဘာဘာ မြို့နားမှာ ပျက်ကျခဲ့တယ်လို့ လေကြောင်းလိုင်းက မတ်လ ၁၀ ရက်နေ့ မနက်မှာ ပြောပါတယ်။ ဘိုးရင်းရဲ့ လေကြောင်းခရီးစဉ်အမှတ် ET 302 ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ခွဲလောက်မှာ အီသီယိုးပီးယား မြို့တော်က ဘိုလေ နိုင်ငံတကာလေဆိပ်ကနေ ပျံတက်ပြီး မကြာခင် အဆက်အသွယ် ပျက်သွားခဲ့တာလို့ လေကြောင်းလိုင်းက ကြေညာချက် ထုတ်ပြန်ပါတယ်။ ခရီးသည် ၁၄၉ ယောက်နဲ့ လေယာဉ်အမှုထမ်း ၈ ယောက် တင်လာတဲ့ လေယာဉ်ဟာ မြို့တော်ရဲ့ အရှေ့တောင်ဘက် ဘစ်ရှော့ဖှ်တူ မြို့နားမှာ ပျက်ကျခဲ့တာပါ။ “ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပြီး ရှင်သန်ကျန်ရစ်သူတွေနဲ့ အသေအပျောက် စာရင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတည်မပြုနိုင်သေးဘူး။ အခင်းဖြစ်ရာ နေရာကို အီသီယိုပီးယား လေကြောင်းလိုင်းက ဝန်ထမ်းတွေကို စေလွှတ်မယ် အရေးပေါ် ဌာနတွေကို ကူညီနိုင်သမျှ အကုန်ကူညီမယ်” လို့ လေကြောင်းလိုင်းက ပြောပါတယ်။ ဒီမနက်မှာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ဆီကို ပုံမှန်ခရီးစဉ်နဲ့ သွားခဲ့တဲ့ လေယာဉ်ပေါ်မှာ လိုက်ပါရင်း ဆုံးရှုံးခဲ့ရတဲ့ သူတွေအတွက် မိသားစုတွေကို အနက်ရှိုင်းဆုံး စာနာကြောင်း အီသီယိုးပီးယား ဝန်ကြီးချုပ်ရိုးက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up