NRPC ၊ တပ်မတော်နှင့် RCSS တို့ သီးခြားစီ တွေ့ဆုံမည်
ထွန်းထွန်းသိန်း
·
March 10, 2019
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ မတ် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာသီးခြားစီ တွေ့ဆုံဆွေးနွေးကြမယ်လို့ RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဆွေးနွေးကြမှာ ဖြစ်သလို တပ်မတော်က ၄ လနီးပါး အပစ်ရပ်ထားတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ Billateral ကိစ္စတွေအပြင် ဒေသဖွံ့ဖြိုးရေးကိစ္စတွေ မူးယစ်ဆေးဝါးကိစ္စတွေလည်း ဆွေးနွေးသွားကြမယ်လို့ ဗိုလ်မှူးစိုင်းငင်းက ဆိုပါတယ်။
အခု တွေ့ဆုံဆွေးတာကနေ ယုံကြည်မှု ပြန်လည်တည်ဆောင်နိုင်မယ်လို့ မျှော်လင့်သလို ဒေသတွင်းက ပြည်သူလူထုအကျိုးနဲ့ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ကျော်လွှား နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ရှေ့မဆက်နိုင် ဖြစ်နေတဲ့ ကိစ္စတွေကို တဖက်နဲ့တဖက်နားလည်မှုရှိရှိနဲ့ အလျော့အတင်း လုပ်မယ်ဆိုရင် ရှေ့ဆက်သွားနိုင်မယ်လို့လည်း ဗိုလ်မှူး စိုင်းငင်းကပြောပါတယ်။