Home
မြန်မာသတင်း
မိုးညှင်းတွင် ဂျီတီအိုင်ကျောင်းသားနှင့် အမက ကျောင်းအုပ်ဆရာတို့ထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 3, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ မတ်လ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က အမက ကျောင်းအုပ်ဆရာနဲ့ ဂျီတီအိုင်ကျောင်းသားထံကနေ စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ဟိုပင်ရဲစခန်းက သိရပါတယ်။ ဟိုပင်စခန်းမှူးနဲ့ တာဝန်ရှိသူတွေဟာ သဲဂုဏ်တကွင်းကျေးရွာ လမ်းဆုံမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးစဉ် ဟိုပင်မိုးညှင်းကျေးရွာချင်းဆက်လမ်းမကြီးအတိုင်း မြို့သစ်ကလေးကျေးရွာ ဖက်မှ ဉာဏ်လင်းထွန်း ခေါ် ကိုညီမောင်းလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ဝတ်ဆင်ထားတဲ့ ဂျာကင်အိတ်ကပ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၀၀ ပြား တန်ဖိုး ၅၇ သိန်းလောက်နဲ့ လက်ကိုင်ဖုန်းတလုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဉာဏ်လင်းထွန်းကို စစ်ဆေးရာ စိတ်ကြွဆေးပြားတွေကို တအိမ်တည်းနေ သူငယ်ချင်းဖြစ်သူ မင်းမင်းထွန်းဆိုသူက မိုးကောင်းမြို့ကို ပို့ဆောင်ခိုင်းကြောင်း သိရတဲ့အတွက် ကွင်းဆက်တရားခံ မင်းမင်းထွန်းနေထိုင်ရာ မိုးညှင်းဘီလူးကျေးရွာ သရက်ကုန်းနေအိမ်ကို ရှာဖွေဝရမ်းနဲ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ မင်းမင်းထွန်းကို အဆင်သင့်တွေ့ရပြီး မူးယစ်ဆေးဝါးကိုတော့ ရှာမတွေ့ခဲ့ဘဲ မင်းမင်းထွန်းက ဉာဏ်လင်းထွန်းကို မူးယစ်ဆေးဝါးပို့ဆောင်ဖို့ ခိုင်းရာမှာ အသုံးပြုထားတဲ့ ဖုန်းတလုံးကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးမိသူ ၂ ဦးကို တရားလိုရဲအုပ်ဗျတ်ဆန်းက ဟိုပင်ရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဥပဒေ ပုဒ်မ၁၉(က)/၂၁ နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024