၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မြင်းခြံမြို့တွင်ကျင်းပ
DVB
·
February 12, 2019
၇၂နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဒီကနေ့ မနက် ၇ နာရီက မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပါတယ်။
ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံက ပေးပို့တဲ့ သဝဏ်လွှာကို မြင်းခြံခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှဝေက ဖတ်ကြားခဲ့ပါတယ်။
အခမ်းအနားကျင်းပတဲ့ အထက်တန်း ကျောင်းဝန်းအတွင်းမှာ ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ နံရံကပ်စာစောင်တွေနဲ့ ဓာတ်ပုံတွေလည်း ခင်းကျင်း ပြသပေးထားပါတယ်။
ဒီအခမ်းအနားကို မြင်းခြံမြို့ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ ဌာနဆိုင်ရာမှတာဝန်ရှိသူတွေနဲ့ ကျောင်းသား၊ ကျောင်းသူ အင်အား ၅၀၀ လောက် တက်ရောက်ခဲ့ ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)