၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား လွိုင်ကော်တွင်ကျင်းပ
DVB
·
February 12, 2019
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကျောက်သားရင်ပြင်မှာ ဒီနေ့မနက်က ကျင်းပပါတယ်။
အခမ်းအနားမှာ နိုင်ငံတော်အလံအလေးပြုတာတွေ၊ ကျဆုံးအာဇာနည်တွေကို အလေးပြုတာတွေနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဖတ်ကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရဌာနဆိုင်ရာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့အပါအဝင် အခမ်းအနားကို လူဦးရေ ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားပြီးနောက်မှာတော့ လှေလှော်ပြိုင်ပွဲ၊ ချောတိုင်တက်၊ လွန်ဆွဲ၊ ခေါင်းအုံးရိုက် စတဲ့ ပြိုင်ပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး