Live
Home
မြန်မာသတင်း
မှတ်ပုံပြန်မတင်သည့် ကုမ္ပဏီပေါင်း ၂သောင်းခန့်ကို ဖျက်သိမ်းမည်
ပြည့်ဖြိုးကျော်
·
February 8, 2019
မြန်မာနိုင်ငံရှိ ကုမ္ပဏီပေါင်း ၆၀၀၀၀ ၀န်းကျင်မှာ ၄၀၀၀၀လောက်ပဲ ပြန်လည် မှတ်ပုံတင်ခဲ့တာကြောင့်ကျန်နေတဲ့ကုမ္ပဏီတွေဟာ အကြောင်းပြချက်ကောင်းကောင်း မပေးနိုင်ရင်  ကုမ္ပဏီစာရင်းကနေ လုံးဝဖျက်သိမ်းသွားမယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။ အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ ပြန်လည်မှတ်ပုံတင်တဲ့အချိန်မှာ ကျန်နေတဲ့ ကုမ္ပဏီပမာဟာ ၂၀၀၀၀ လောက် ဖြစ်နေတာပါ။ မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင်မှတ်ပုံတင် ကုမ္ပဏီထောင်ပြီး စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းဦးရေကတော့  ၄၀၀၀၀ ၀န်းကျင်ပဲ ရှိပါတယ်။ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်ကစလို့ ကုမ္ပဏီမှတ်ပုံတင်စနစ်ကို အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဇန်န၀ါရီ ၃၁ရက်နေ့ နောက်ဆုံးထားကာ  ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာပါ။ လက်ရှိမှာ မှတ်ပုံတင်ဖို့ ကျန်နေတဲ့ ကုမ္ပဏီတွေဟာ ဥပဒေအရ ဒဏ်ကြေးတွေ နောက်ကျကြေးတွေ ပေးဆောင်ရမှာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024