တရုတ်နှစ်သစ်ကူး ၀က်နှစ်တွင် ၀က်မွေးပြီး စွန့်ပစ်မည်ကို ထိုင်ဝမ်ဝက်ချစ်သူများ စိုးရိမ်

လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ  တရုတ်နှစ်သစ်ကူး ၀က်နှစ် စတင်မှာမို့  လူတွေက နမိတ်ကောင်းစေဖို့ ၀က်တွေကိုမွေးပြီး နောက်ပိုင်း စွန့်ပစ်လာမှာကို ထိုင်ဝမ်မှာရှိတဲ့  ၀က်ချစ်သူတွေက စိုးရိမ်နေကြပါတယ်။ အိမ်မွေး ၀က်ပိုင်ရှင်တွေ အတွက်ဆိုရှယ်မီဒီယာပလက်ဖောင်းလုပ်ထားတဲ့ အန်နီတာချန်က ၀က်မွေးရာမှာ လွတ်လပ်မှုနဲ့ လိုက်လျောညီတွေရှိမှု အရေးကြီးတယ်လို့ ပြောပါတယ်။ ရှင်းရှင်းနဲ့ မဲ့မဲ့ဆိုတဲ့ သူရဲ့ ၀က်နှစ်ကောင်ဟာ ငါးနှစ်ကလေးအရွယ် ဥာဏ်ရည်ရှိပြီး ရေခဲသေတ္တာကနေ အံဆွဲအထိ ဖွင့်တတ်တာမို့ အိမ်ရှင်တွေ ထိတ်လန့်သွားနိုင်တယ်လို့ ဆိုပါတယ်။ ၀က်ပေါက်လေးတွေ ဟာ လူကို ခင်တွယ်ပြီး သူတို့နဲ့ ဆော့ကစားဖို့ ဒါမှမဟုတ် အစာကျွေးဖို့ အမြဲတစေ အသံပြုနေတာမို့ လအနည်းငယ်အတွင်း ပိုင်ရှင်က ပစ်သွားတတ်တယ်လို့ သူကပြောပါတယ်။ တိရိစ္ဆာန် ဆရာဝန်တဦးကတော့ အိမ်မှာ ၀က်မွေးဖို့ စဉ်းစားသူတွေကို မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်ရှားနိုင်စေဖို့ သေချာစုံစမ်းလေ့လာ သင့်တယ်လို့ အကြံပေးထားပါတယ်။ ဒါ့အပြင် ထိုင်ဝမ်မှာ စွန့်ပစ်ခံရတဲ့ ၀က်တွေဟာ တခြားခွေးတို့ ကြောင်တို့ထက်လည်း နေစရာ အသစ်ရဖို့ ခက်ခဲပါတယ်။ တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွေကလည်း ၀က်ကို အိမ်မွေး တိရိစ္ဆာန်လို့ မသတ်မှတ်တာကြောင့် သူတို့ကို အိမ်မွေးတိရစ္ဆာန် ချစ်သူတွေနဲ့ သီးခြားစောင့်ရှောက်ရေး ဂေဟာတွေဆီသာ ပို့ဆောင်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up