ဒင်းနစ်ဆွာရက်ဇ်လို တောင်ပံကစားသမား လိုအပ်ဟု အာဆင်နယ်နည်းပြ ပြော

အသင်းမှာ ဒင်းနစ်ဆွာရက်ဇ်လို တောင်ပံကစားသမား လိုအပ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ ကာဒစ်စီးတီးအသင်းကို အနိုင်ရတဲ့ပွဲစဉ် အပြီးမှာ ပြောကြားခဲ့တာဖြစ်ပြီး  ဒင်းနစ်ဆွာရက်ဇ်အနေနဲ့ မကြာခင်မှာ အသင်းနဲ့ စာချုပ် ချုပ်ဆိုဖို့ ရှိနေတာ ဖြစ်ပါတယ်။ အသင်းမှာ တောင်ပံကစားသမား လိုအပ်ပြီး ဆွာရက်ဇ်ဟာ အဲဒီနေရာမှာ ကစားနိုင်တဲ့ အရည်အသွေးတွေ ရှိတယ်လို့ အမ်မရီက ပြောကြားခဲ့တာပါ။ နည်းပြ အမ်မရီနဲ့ ဒင်းနစ်ဆွာရက်ဇ်တို့ဟာ ဆီဗီလာအသင်းမှာ အတူလက်တွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ မူလက ဒင်းနစ်ဆွာရက်ဇ်ကို ထွက်ခွာခွင့်ပြုဖို့ ပယ်ချထားခဲ့ပေမယ့် စာချုပ်သက်တမ်းတနှစ် တိုးခဲ့တာကြောင့် အငှားချဖို့ ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဆွာရက်ဇ်နဲ့ အပြောင်းအရွှေ့ကိစ္စတွေ လုပ်ဆောင်နေပြီး မကြာခင်မှာ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိနေပါတယ်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ ကိုယ်တိုင်ကလည်း ဒင်းနစ်ဆွာရက်ဇ် အသင်းပြောင်းရွှေ့မှာ ဖြစ်တယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဆွာရက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပေမယ့် ရာသီကုန်မှာ ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခွင့်ရမယ့် သဘောတူညီမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up