ချန်ပီယံဆုအတွက် လက်လျှော့မည်မဟုတ်ဟု မန်စီးတီးနည်းပြ ပြော

နယူးကာဆယ်အသင်းနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် ချန်ပီယံဆုအတွက် လက်လျှော့သွားမှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ပြီး အခုနှစ်ရာသီမှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ဒီနေ့ညကစားမယ့်ပွဲမှာ လီဗာပူးအသင်းက လက်စတာကို အနိုင်ရမယ်ဆိုရင် ၇ မှတ်အထိ ကွာဟသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အမှတ်ကွာဟချက် များနိုင်ပေမယ့် ပွဲတွေအများကြီး ကျန်သေးပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့တာပါ။ လက်ရှိအချိန်ဟာ ဇန်နဝါရီလပဲ ရှိသေးတာကြောင့် ဧပြီနဲ့ မေလမှာ ချန်ပီယံဆုအတွက် ဆုံးဖြတ်မှာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ ဒါပေမယ့် နောက်ထပ် အမှတ်လျော့လို့တော့ မရတော့ဘဲ ချန်ပီယံဆုအတွက်တော့ ပိုခက်ခဲသွားပြီဖြစ်တယ်လို့ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up