Home
အနုပညာ
အသစ်ထွက်ရှိလာသည့် ချမ်းချမ်းနှင့် မြတ်နိုးဟန် စုံတွဲသီဆိုထားသည့် သီချင်း-အချစ်စစ်(ရုပ်သံ)
DVB
·
January 29, 2019
“အရှုံးမပေးဘူး… အဘယ့်ကြောင့်ကွယ် အချစ်စစ်တခု… အားမပေးရင်နေ… အရှုံးများနဲ့… ငါတို့ ဝေးနေလည်း” ဒါကတော့ အသစ်ထွက်ရှိလာတဲ့ အချစ်စစ် အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ တေးရေး ဖိလစ်က ရေးစပ်ပေးထားတာဖြစ်ပြီး နာမည်ကြီး ပေါ့ပ် အဆိုတော် ချမ်းချမ်းနဲ့ မြတ်နိုးဟန်တို့ စုံတွဲသီဆိုထားကြတာ ဖြစ်ပါတယ်။ “မဖြစ်သင့်ဘူး… လူတွေ ၀ိုင်းပြောတယ်… ဂရုမစိုက်ဘူး… ဘုရားသိပါတယ်… ငါတို့ နှစ်ယောက်ရဲ့ အချစ်များ ခိုင်မြဲဆဲ” အချစ်စစ်၊ အချစ်မှန်ဆိုရင် ဘယ်လို အတားအဆီးတွေကမှ ဖျက်လို့မရပဲ ခိုင်မာမြဲ မြံတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရေးစပ်ထားခဲ့တဲ့ ဒီသီချင်းဟာ ပေါ့ပ်သီချင်း ချိုချိုအေးအေးလေးတွေကို နှစ်ခြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။ “တနေ့တချိန်မှာ ကြုံရမယ်… ဘ၀ကံကြမ္မာ ခက်ခဲလည်း… အားမလျှော့နဲ့နော်… အချစ်စစ်တို့ တိမ်ကော မပျက်စီးဘူး… ဘုရားရှင်ထံ ၀န်ချမယ်… မျက်ရည်တွေ ရင်ဘတ်ထဲ… အားမလျှော့နဲ့နော်… အရှုံးမပေးတဲ့ ဘ၀ခရီး… တည်ဆောက်မယ် အခု” မော်ဒယ်တယောက်လည်းဖြစ်တဲ့ အဆိုတော် ချမ်းချမ်းဟာ The Best Of Melody World 2017 သီချင်းဆိုပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး တကယ်ဆိုရင်အချစ်ပဲလိုတယ်၊ သိပ်ချစ်တယ် အရမ်းမုန်းတယ်၊ အိပ်မက်၊ သို့… ချစ်နေတုန်းပဲ စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး အတွဲသီချင်း ခွေပေါင်းများစွာမှာလည်း ပါဝင်သီဆိုထားခဲ့ကာ ပရိသတ်အားပေးမှုရှိနေသူ တဦးဖြစ်ပါ တယ်။ ခုထွက်ရှိလာတဲ့ မြတ်နိုးဟန်နဲ့ စုံတွဲသီဆိုထားတဲ့ အချစ်စစ် သီချင်းကိုတော့ Legacy Music ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024