ဂရိပါလီမန် အပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

ဓာတ်ပုံ - Orestis Panagiotou/EPA/EFE
အိမ်နီးချင်း မက်ဆီဒိုးနီးယားနိုင်ငံ အမည်ပြောင်းလဲတာနဲ့ ပတ်သက်လို့ ဂရိပါလီမန်အတွင်း အချေအတင် ဆွေးနွေးနေချိန်မှာပဲ ဇန်နဝါရီ ၂၄ ရက်နေ့က ပါလီမန်အပြင်ဘက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ ပါလီမန်ကို စောင့်ကြပ်နေတဲ့ ရဲတွေကို ဆန္ဒပြသူတွေက ဓာတ်ဆီဗုံး၊ ကျောက်တုံး၊ မီးကျည်တွေနဲ့ ပစ်ပေါက်သလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ပြီး  ဆန္ဒပြသူ အများအပြားကို ထိန်းသိမ်းခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဂရိပြည်သူတွေဟာ ပါလီမန်အပြင်ဘက်မှာ စုဝေးကြပြီး ဆန္ဒပြသူတချို့က ပါလီမန်အမတ်တွေကို “သစ္စာဖောက်တွေ” လို့ အော်ဟစ်ကြပါတယ်။ မက်ဆီဒိုးနီးယား နာမည်ပြောင်းလဲခြင်း တရားဝင်ဖြစ်အောင် မဲခွဲဆုံးဖြတ်မယ့်အချိန် မတိုင်မီ လူထုစည်းဝေးပွဲတွေ ပြုလုပ်ဖို့ ဆန္ဒပြသူတွေက စီစဉ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up