အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် သေဆုံးသူ ၅ ဦးရှိပြီ

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းတလွှား ဇန်နဝါရီ ၁၁ ရက်နေ့ကစတဲ့ နှင်းမုန်တိုင်းကြောင့် ဇန်နဝါရီ ၁၃ ရက်အထိ ရထားတဲ့စာရင်းအရ လူငါးဦး သေဆုံးခဲ့ပါတယ်။ မစ်ဆူရီ၊ ကန်းဆပ်စ်နဲ့ အမေရိကန်အလယ်ပိုင်း တခြားပြည်နယ်တွေရဲ့ အစိတ်အပိုင်း အများအပြားမှာ နှင်းတွေ လွှမ်းခြုံနေတာပါ။ ဒေသတွင်း ယာဉ်ကြောတွေ ပိတ်ဆို့ပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်ခဲ့ပါတယ်။ မုန်တိုင်းဟာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းက အစိတ်အပိုင်းတွေဆီ အမြန် စတင် ပျံ့နှံ့နေပါတယ်။ စိန့်လူးဝစ်နဲ့ ကိုလံဘီယာဒေသတွေမှာ လတ်တလောနှစ်တွေအတွင်း အကြီးဆုံး နှင်းမုန်တိုင်းတွေထဲက တခု တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ကိုလံဘီယာပြည်နယ်အတွင်း နှင်းထုက ဇန်နဝါရီ ၁၁ ရက်နေ့မှာ ၂၆ စင်တီမီတာထိ မြင့်တက်ခဲ့လို့ နှစ်တရာအတွင်း တရက်တည်းမှာ နှင်းအကျဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။ နှင်းကျတဲ့ဒေသတွေမှာ မြင်နိုင်စွမ်းက မီတာ လေးရာထိ ကျဆင်းမယ်လို့ အမျိုးသား မိုးလေဝသဌာနက ဟောကိန်းထုတ်ပါတယ်။ လမ်းတွေလည်း အန္တရာယ် ပိုများလာလိမ့်မယ်လို့ ဌာနက သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up