Home
မြန်မာသတင်း
မူဆယ်တွင် ယာဉ်တိုက်မှုကြောင့် ၄ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
January 12, 2019
ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၄ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာ နမ့်ပေါ် တံတားအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၂၆၅/၅-၆) မှာ ဦးခင်စိုး(၅၅)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိုင်းလွင်ကို (၁၇) နှစ်ပါ ကျား ၂ ဦး လိုက်ပါလာတဲ့ ၂၂ ဘီးယာဉ်ဟာ ကုန်းအဆင်း ဘရိတ်ပေါက်လို့ စိုင်းလွင်ကို ယာဉ်ပေါ်မှ ခုန်ဆင်းစဉ် ယာဉ်ရဲ့ယာနောက်ဘီးနဲ့ ကြိတ်မိ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ [gallery ids="308270"] ၂၂ ဘီးယာဉ်ဟာ တဖက်ယာဉ်ကြောမှ အောင်ထွန်းလင်း (၃၆)နှစ် မောင်းနှင်ပြီး ဖိုးစိန် (စိစစ်ဆဲ) လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ စက်ပျက်လို့ ရပ်ထားတဲ့ ယာဉ်မောင်း မိုးမိုး (၃၅) နှစ်နဲ့ ယာဉ်နောက်လိုက် အေးချမ်း (၂၃) နှစ်တို့ရဲ့ ၁၈ ဘီးယာဉ်တို့အား ဝင်တိုက်ပြီးနောက် တိမ်းမှောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း အောင်ထွန်းလင်းပါ ၂ ဦးနဲ့ မိုးမိုးတို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ခင်စိုးပါ ၃ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ါပတယ်။ သေဆုံး/ ဒဏ်ရာရသူတွေကို မူဆယ်ပြည်သူ့ဆေးရုံပို့ဆောင်ထားပြီး ခင်စိုးကို မူဆယ်မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှု ကြောင့် လူသေစေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024