ဒီမောဆိုမြို့နယ်တွင် ရဲအရာရှိ ၂ ဦး ပစ်သတ်ခံရ
နော်နိုရင်း
·
January 8, 2019
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီးမှာ ရဲအရာရှိ ၂ဦး သေနတ်နဲ့ ပစ်ခတ်ခဲ့ရလို့ သေဆုံးသွားတယ်လို့ ဒီမောဆို မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။
“ရဲအုပ်နှစ်ယောက်သေသွားတာ၊ နှစ်ယောက်လုံး။ အသေအချာမသိရသေးဘူး။ မြို့နယ်မှူးတို့ စခန်းမှူးတို့ကလည်းပြန်မလာကြသေးဘူး၊ အခင်းဖြစ်တဲ့နေရာကနေ။ သူတို့ သွားလိုက်တာကတော့ ၁၁ နာရီကျော်လောက်ကတည်းက သွားလိုက်တာ။ အဲဒါက သူတို့သွားတဲ့အချိန်လေ။ ဖြစ်တဲ့ အချိန်က အသေအချာ မသိရသေးဘူး။ ”
အဆိုပါသေဆုံးသူ ရဲအရာရှိ ၂ ဦးဟာ ဒီမော့ဆိုမြို့နယ်က မဟုတ်ဘဲ ပြည်နယ်က ဖြစ်နိုင်ကြောင်းနဲ့ ဘာကြောင့်အပစ်ခံရတယ် ဘယ်သူတွေက ပစ်ခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်း ရဲစခန်းက ပြောပါတယ်။
ဒီမောဆိုမြို့နယ်မှူး ရဲမှူးလှထွေးကို မေးမြန်းရာမှာလည်း သူ့အနေနဲ့ အထက်ကိုတင်ပြပြီး မှသာ ပြောနိုင်မှာဖြစ်ကြောင်း ဒီဗွီဘီကို ပြန်လည်ဖြေကြားထားပါတယ်။