Home
မြန်မာသတင်း
ချင်းပြည်နယ် တွန်းဇံမြို့တွင် အလှမယ်ပြိုင်ပွဲ ကျင်းပ
DVB
·
January 6, 2019
Miss Tonzang အလှမယ်ပြိုင်ပွဲကို အမျိုးသမီးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ချင်းပြည်နယ် တွန်းဇံမြို့မှာ ဇန်နဝါရီ ၅ ရက်နေ့ညက ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို ချင်းပြည်နယ် တွန်းဇံနယ် မဲဆန္ဒနယ် အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျင်ငိုက်မန်နဲ့ Miss Universe Myanmar မိုးစက်ဝိုင်တို့ ကမကထပြု ကျင်းပတာဖြစ်ပြီး ချင်းတိုင်းရင်းသူအမျိုးသမီးငယ် ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဆုရှင် ၃ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး ခါးနံပါတ် ၆ မကျိန်ငိုက်ဟောက်က Miss Tonzang စလွယ် သရဖူနဲ့ ပထမဆု winner tonzang ၁၀ သိန်းကျပ်ဆု ဆွတ်ခူးရရှိခဲ့ပြီး ခါးနံပါတ် ၄ မကျိန်နိတ်စန်က First winner ဆု ၇ သိန်းကျပ်နဲ့ ခါးနံပါတ် ၁၁ မညောင်လွမ်းလွန်းက တတိယဆု ၅ သိန်းကျပ်ကို ဆွတ်ခူးရရှိသွားပါတယ်။ Miss Tonzang အလှမယ်ပြိုင်ပွဲဟာ ချင်းပြည်နယ်မှာ ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပတဲ့ ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသမီးတွေကနေတဆင့် အမျိုးသမီးကဏ္ဍတွေကို ချိတ်ဆက် ဆောင်ရွက်ဖို့ ရည်ရွယ်ပြုလုပ်တာလို့ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024