Home
မြန်မာသတင်း
သထုံတွင် သုံးဘီးဆိုင်ကယ်နှင့် ရထားတိုက်မှုဖြစ်၍ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
January 5, 2019
မွန်ပြည်နယ် သထုံမြို့နယ်မှာ သုံးဘီးဆိုင်ကယ်နဲ့ မီးရထားတိုက်မှု ဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဇန်န၀ါရီ ၄ ရက်နေ့က မနက် ၁၁ နာရီလောက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာနေ စိုးမင်းသူ (၃၅) နှစ် မောင်းနှင်ပြီး ဦးသန်းဝင်း (၅၂) နှစ်လိုက်ပါလာတဲ့ သုံးဘီး ဆိုင်ကယ်ဟာ နောင်ကုလားဘူတာနဲ့ နောင်ဘိုဘူတာကြား မိုင်တိုင် (၁၃၃/၁-၂) တရားမဝင် သံလမ်းကူးအား ဖြတ်ကူးစဉ် မော်လမြိုင်-ရန်ကုန် အမှတ်(၉၀) အစုန်ရထားနဲ့ တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှုကြောင့် စိုးမင်းသူမှာ ဦးခေါင်း၊ ယာလက်မောင်း၊ ဝဲပေါင်ပြတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဦးသန်းဝင်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့လို့ သထုံပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ စိုးမင်းသူ (သေဆုံး)အား သထုံမြို့မရဲစခန်းက (ပ) ၉/၂၀၁၉၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024