ကျူးဘားတော်လှန်ရေး နှစ် ၆၀ ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

ကျူးဘားတော်လှန်ရေး နှစ် ၆၀ ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး သမ္မတဟောင်း ရာအူးလ်ကတ်စ်ထရို တက်ရောက်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ခေါင်းဆောင် ကတ်စ်ထရိုနဲ့ တော်လှန်ရေးသမားတွေ  ကျူးဘားနိုင်ငံကို ထိန်းချုပ်ပြီးတဲ့နောက် အမေရိကန်ထောက်ခံတဲ့ အာဏာရှင် ဖူဂယ်စီယို ဘာတီဆာ ထွက်ပြေးခဲ့ရပါတယ်။ အခုဆိုရင် ကျူးဘားခေါင်းဆောင် ကတ်စ်ထရိုရဲ့ ညီဖြစ်သူ ရာအူးလ်ကတ်စ်ထရိုက ကွန်မြူနစ်ပါတီကို ဦးဆောင်နေပါတယ်။ အခမ်းအနားမှာ ရာအူးလ်ကတ်စ်ထရိုက နှစ်နိုင်ငံအကြား မတူညီမှုတွေ ရှိပေမယ့် အမေရိကန်နိုင်ငံနဲ့ သင့်သင့်မြတ်မြတ် နေလိုတဲ့ဆန္ဒ ရှိတယ်လို့ ပြောပါတယ်။ ကျူးဘားအနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေတွေကို ခုခံဖို့ အဆင်သင့်ရှိတယ်ဆိုတာ ပြသပြီးဖြစ်တယ်၊ အမေရိကန်အစိုးရ အနေနဲ့လည်း  အဲဒီအခြေအနေတွေကို ရှောင်လွှဲဖို့ အမြော်အမြင်ရှိရှိ ပြုမူမယ်လို့ မျှော်လင့်တယ်ဆိုပြီး သမ္မတဟောင်း ရာအူးလ်ကတ်စ်ထရိုက ပြောကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up