မိုးထိမိုးမိ အလုပ်သမားခေါင်းဆောင် ၁၇ ဦး တရားစွဲဆိုခံရ
DVB
·
September 11, 2012
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေလုပ်သား အလုပ်သမား ခေါင်းဆောင် ဥက္ကဋ္ဌ ကိုရဲရင့်ထွန်း အပါအ၀င် စုစုပေါင်း ၁၇ ယောက်ကို အမျိုးသားကြီးပွားတိုးတက်ရေး အများပိုင်ကုမ္ပဏီက ၀တ္တရားနှောင့်ယှက်မှု၊ ရိုင်းပျမှုတွေနဲ့ အမှုဖွင့်အရေးယူထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။
[caption id="attachment_26449" align="alignleft" width="300" caption="ပြီးခဲ့တဲ့ ဇွန်လဆန်းက မိုးထိမိုးမိ ရွှေတွင်း အလုပ်သမားများ ဆန္ဒပြနေစဉ်"][/caption]
ရမည်းသင်းမြို့နယ် တီးကုန်း ရဲစခန်းက ပြစ်မှုနံပါတ် ၅၇/ ၂၀၁၂ နဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ အကြောင်းကြားစာပေးပို့ခဲ့တဲ့အတွက် စက်တင်ဘာ ၆ ရက်နေ့မှာ အဲဒီ ရဲစခန်းကို အလုပ်သမားခေါင်းဆောင် ကိုရဲရင့်ထွန်း၊ ကိုအောင်ကြီး၊ ကိုသိန်းမြင့် အပါအ၀င် ၁၇ ဦး သွားရောက် သတင်းပို့ခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီတွဲဖက်လုံခြုံရေး တာဝန်ခံ ဦးမြင့်သိန်းက အဆိုပါ အလုပ်သမား ၁၇ ယောက်ကို ပုဒ်မ ၂၉၄ (မချေမငံ ဆက်ဆံမှု၊ ရိုင်းပျမှု)၊ ပုဒ်မ ၅၀၆ (၀တ္တရားနှောင့်ယှက်မှု) တွေနဲ့ တရားစွဲထားတာ ဖြစ်တယ်လို့ ကိုဟန်ဝင်းအောင်က ရှင်းပြပါတယ်။
အမျိုးသားကြီးပွားတိုးတက်ရေး ဦးပိုင်လီမိတက်ဟာ အရင် စစ်အစိုးရခေါင်းဆောင် သားသမီးတွေရဲ့ အစုရှယ်ယာတွေနဲ့ ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌကတော့ ဦးစိုးထွန်းရှိန် ဖြစ်ပါတယ်။