အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျအိပ်ခ်ျဒဗလျူဘွတ်ရှ် ကွယ်လွန်

HOUSTON, TX - FEBRUARY 05: President George H.W. Bush arrives for the coin toss prior to Super Bowl 51 between the Atlanta Falcons and the New England Patriots at NRG Stadium on February 5, 2017 in Houston, Texas. (Photo by Patrick Smith/Getty Images)
အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျအိပ်ခ်ျဒဗလျူဘွတ်ရှ်ဟာ နိုဝင်ဘာ ၃၀ ရက်နေ့က အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။ သမ္မတဟောင်း ဘွတ်ရှ်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၁ ဦး မြောက် သမ္မတ ဖြစ်ခဲ့ပြီး သူဟာ စစ်အေးကာလအလွန်မှာ သမ္မတရာထူးကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ သမ္မတဟောင်းဘွတ်ရှ်ဟာ ၁၉၈၉ ခုနှစ်က ၁၉၉၃ ခုနှစ်အထိ ရာထူးသက်တမ်း ၄ နှစ်သာ ထမ်းဆောင်ခဲ့ပေမယ့် သူဟာ အမေရိကန်သမိုင်းမှာ ဆယ်စုနှစ်ချီ သြဇာလွှမ်းမိုးခဲ့ပါတယ်။ ဘွတ်ရှ်ဟာ ဘေဂျင်းအရေးကိစ္စမှသည် CIA အထိ  ခက်ခဲတဲ့ တာဝန် ၀တ္တရားတွေ၊ ကူဝိတ်ကနေ အီရတ်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာစေမှု၊ သူကို့ရွေးကောက်ပွဲမှာ ရှုံးနိမ့်စေတဲ့ ဘက်ဂျက် သဘောတူညီချက်ရအောင် စွမ်းဆောင်မှုနဲ့ သမ္မတလောင်းတဦးကို မွေးဖွားပေးသူဖခင်အဖြစ် နာမည်ကြီးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သားဖြစ်သူ ဂျော့ဂ်ျဒဗလျူ ဘွတ်ရှ်က  “ကျနော့်ဖခင် ၄၁ ဦးမြောက် သမ္မတ” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်မှာ “သူ့ဖခင်ဟာ နေ၀င်ချိန်အထိ ဘ၀ကို အကောင်းဆုံးနေထိုင်သွားဖို့ ဆုံးဖြတ်ထားသူ ဖြစ်တယ်” လို့ ဂျော့ဂ်ျဒဗလျူ ဘွတ်ရှ်က ရေးသားခဲ့ပါတယ်။ ဘွတ်ရှ်သားအဖ နှစ်ဦးဟာ အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယမြောက် သားအဖဖြစ်ပါတယ်။ ပထမဆုံး သားအဖကတော့ ၁၇၉၇ ခုနှစ်ကနေ ၁၈၀၁ ခုနှစ်အထိ သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျွန်အဒမ်နဲ့ ၁၈၂၅ ခုနှစ်ကနေ ၁၈၂၉ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျွန်ကွင်စီအဒမ် တို့ပဲ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up