မျိုးဆက်သစ် လိုအပ်ချက်ကြောင့် မြန်မာ့ဝူရှူးအားကစား အောင်မြင်မှု ကျဆင်းနိုင်

မျိုးဆက်သစ် ကစားသမား လိုအပ်ချက် ရှိနေတာကြောင့် လာမယ့် ၂၀၂၁ ဆီးဂိမ်းရောက်ရင်တော့ အောင်မြင်မှုတွေ အနည်းငယ် ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဝူရှူး ထောက်လုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ ကြေးတံဆိပ်ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ငြိမ်းချမ်းကိုကိုက ပြောလိုက်ပါတယ်။ မြန်မာဝူရှူးအားကစားအဖွဲ့တွေဟာ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ချိန်တိုင်းမှာ အောင်မြင်မှု ဆုတံဆိပ်တွေ ဆွတ်ခူးပေးနေတဲ့ ကစားနည်း ဖြစ်သလို မြန်မာနိုင်ငံရဲ့ အဓိကထားရတဲ့ အားကစားနည်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ စီနီယာကစားသမားတွေ အနားယူမှာနဲ့ မျိုးဆက်သစ်ကစားသမားတွေ ရှာဖွေနေရဆဲအချိန် ဖြစ်တာကြောင့် လာမယ့်တခုကျော် ဆီးဂိမ်းပြိုင်ပွဲမှာတော့ အောင်မြင်မှုရရှိဖို့ အခက်အခဲ ရှိနိုင်တယ်တို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ်ကစားသမားတွေ ရှာဖွေရမယ့်အချိန်ဟာ ၃ နှစ်လောက် အချိန်ပေးရဦးမှာဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကလည်း အခုထက်ပိုပြီး အားပေးထောက်ပံ့မှုတွေ ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ မြန်မာဝူရှူးအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ကပဲ ကမ္ဘာ့ဝူရှူး ထောက်လုပြိုင်ပွဲကို ကစားသမား ၄ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂  ခု ရရှိခဲ့ပါတယ်။ အနီးဆုံးပြိုင်ပွဲအနေနဲ့ လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက လက်ခံကျင်းပမယ့် အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up