Home
မြန်မာသတင်း
ရန်ကုန်မြို့ပတ် ရထားလမ်းတလျှောက်ရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်းမည်
ဆုဆုသွယ်
·
November 15, 2018
ရန်ကုန်မြို့ပတ်ရထားလမ်းတလျှောက်ရှိ ကျူးကျော်နေအိမ်တွေ၊ ကျူးကျော်ဆိုင်ခန်းတွေနဲ့ အမှိုက်တွေကို ခုသီတင်းပတ်အတွင်း ဖယ်ရှားဖို့ မြန်မာ့မီးရထားနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းကာ ဒီကနေ့မနက်က ကွင်းဆင်းလေ့လာကြပါတယ်။ မြို့ပတ်ရထားလမ်းပိုင်းကို မြို့တော်အဂါင်္ရပ်နဲ့အညီ အဆင့်မြှင့်တင်လိုတဲ့အတွက် အခုလိုဖယ်ရှားမှာဖြစ်ပြီး လေ့လာမှုတွေအရ ရန်ကုန်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင်တွေမှာ ရထားလမ်းဘေး ကျူးကျော်တွေအများဆုံးရှိနေတယ်လို့  ကွင်းဆင်းလေ့လာတဲ့အဖွဲ့က ပြောပါတယ်။ ရထားလမ်းတလျှောက်ကျူးကျော်နေအိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ အမှိုက်ပုံတွေမရှိစေဖို့အတွက် လတ်တလောမှာ မြန်မာ့မီးရထားကနေ အုတ်တံတိုင်းတွေ ကာရံတာတွေကိုလည်း လုပ်ဆောင် နေပါတယ်။ ကျူးကျော်တွေ ဖယ်ရှားတဲ့ အစီအစဉ်ကို မြန်မာ့မီရထား၊ ရန်ကုန်မြို့တော်စ ည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မြို့ပတ်ရထားလမ်းတလျှာက်အခုလို ကျူျးေကျာ်တွေဖယ်ရှားပြီး အဆင့်မြှင့်တင်မယ့် အစီအစဉ်ဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024