Home
မြန်မာသတင်း
ဇီးဖြူခင်ကျေးရွာတွင် ၉ တန်း ကျောင်းသားတဦး ဆွဲကြိုးချသေဆုံး
DVB
·
November 12, 2018
ညောင်ပင်သာမြို့ ဇီးဖြူခင်ကျေးရွာမှာ နိုဝင်ဘာ ၁ဝ ရက်နေ့ ညပိုင်းက ၉ တန်း ကျောင်းသားတဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ညောင်ပင်သာနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ည ၈ နာရီလောက်မှာ မိဘတွေက ရွာထဲက ဆွေမျိုးအိမ်သွားပြီးပြန်လာချိန်မှာ နေအိမ်အပေါ်ထပ်ရှိ သစ်သားထုတ်တန်းမှာ ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ “ကလေးက လူအေးလေးလို့ သိရတယ်။ အခြားဘာပြဿနာမှလည်း မရှိဘူးလို့ မိဘတွေက ပြောတယ်။ ဆူတာရိုက်တာလည်းမရှိဘူး။ ည ၈ နာရီမထိုးခင် စာကြည့်နေသေးတယ်။ မိဘတွေက အိမ်ရှေ့အိမ်ကို ခဏသွားတဲ့အချိန်မှာ ဖြစ်သွားတာ။ အခုတော့ သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး ရဲလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်း ရဲအုပ်တင်စိုးက ပြောပါတယ်။ ဆွဲကြိုးချသေဆုံးသူ မောင်ကျော်မင်းသူဟာ ညောင်ပင်သာ အခြေခံပညာအထက်တန်း ကျောင်းမှာ ပညာသင်ကြားနေသူတဦး ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညောင်ပင်သာ နယ်မြေရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024