Home
မြန်မာသတင်း
ဆမ်ဆောင်းက ခေါက်လို့ရသည့် မိုဘိုင်းဖုန်း ပွဲထုတ်ပြသ
DVB
·
November 8, 2018
ဆမ်ဆောင်းကုမ္ပဏီက စခရင်မ်မျက်နှာပြင် ခေါက်လို့ရတဲ့ မိုဘိုင်းဖုန်းကို နိုဝင်ဘာ ၇ ရက်နေ့က ပွဲထုတ်ပြသခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ SAMSUNG DEVELOPERS CONFERENCE မှာ ခေါက်လို့ရတဲ့ဖုန်းကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ မိုဘိုင်းစခရင်မ်အသစ်ကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။ ခေါက်လို့ရတဲ့ဖုန်းအတွက် အက်ပလီကေးရှင်းတွေ ရေးပေးဖို့ အန်းဒရိုက်ပရိုဂရမ်မာတွေကိုလည်း တိုက်တွန်းထားပါတယ်။ “ဒီကနေ့ဟာ သမိုင်းမှတ်တိုင်ကြီးတခု စိုက်ထူတဲ့နေ့ ဖြစ်ပါတယ်။ တကယ့်ဘဝကြီးဟာ ဘယ်လိုနေလဲ၊ ဘယ်လိုလှုပ်ရှားသွားလာနေလဲ အားလုံးသိချင်ကြမှာပါ။ အခု အဲဒါက ဒီနေရာကို ရောက်လာပါပြီ။ ဖွင့်လိုက်တဲ့အခါ စခရင်မ်အကြီးကြီးနဲ့ တက်ဘလက်တခု ဖြစ်ပါတယ်။ သိပ်ကို မိုက်ပါတယ်။ အခု ပိတ်လိုက်ပြီ။ အိတ်ကပ်ထဲ ထည့်သယ်သွားလို့ရတဲ့ ဖုန်းတလုံးပါပဲ။ ကျေးဇူးတင်ပါတယ်။ ဒီကနေ့ အားလုံးထုတ်ပြလိုက်ရင် ကျေနာ် ဒုက္ခရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ ဒီဇိုင်းနဲ့ပတ်သက်တာလေးတွေကို သိုသိုဝှက်ဝှက် လုပ်ထားပါတယ်။ ဒါပေမယ့် ကျနော့်ကို ယုံကြည်ပါဗျ။ ဒီဖုန်းထဲက ပစ္စည်းလေးကို ခင်ဗျားတို့ လက်ဖျားခါသွားစေရမယ်” လို့ ဆမ်ဆောင်း မိုဘိုင်းထုတ်ကုန် ဈေးကွက်ဖြန့်ချိရေးမှ ဂျပ်စတင် ဒန်နစ်ဆင်က ပြောသွားပါတယ်။ ပုံမှန်အားဖြင့် တက်ဘလက်တို့ လက်ပ်တော့တို့နဲ့ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးလှတဲ့ လုပ်ငန်းဆောင်တာတွေကို ခေါက်လို့ရတဲ့ ဖုန်းတွေနဲ့ လုပ်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024