Home
မြန်မာသတင်း
မီကို​ကော်​ဖီစက်ရုံ အလုပ်သမားများ မန္တလေးတိုင်းအစိုးရုံးရှေ့လာရောက်တောင်းဆို
DVB
·
November 5, 2018
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၂) ကနောင်မင်းသားကြီးလမ်း ၆၄ လမ်းနဲ့ ၆၅ လမ်းကြားရှိ မီကိုကော်ဖီမစ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ငန်းခွင် ပြန်​၀င်ခွင့်ရဖို့ မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးကို ဒီကနေ့ လာရောက် တောင်းဆိုကြပါတယ်​။ အလုပ်ဝင်ခွင့်မရတဲ့ အလုပ်သမား ၃ဝ ဟာ ညှိနှိုင်းဖြေရှင်းပေးဖို့ သက်ဆိုင်ရာကို အကြိမ်​ကြိမ်​တင်​ပြခဲ့သလို အလုပ်သမားဦးစီးဌာနကိုလည်း သွားရောက် အကူအညီတောင်းခံခဲ့​ ပေမယ့် သီတင်းတပတ်ကျော်ကြာလာတဲ့အထိ  ဖြေရှင်းပေးခြင်းမရှိခဲ့လို့ အခုလို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး​ရှေ့ကို လာရောက်ခဲ့ကြရတာလည်းဖြစ်​ပါတယ်​။ မြန်​မာနိုင်​ငံစက်​မှုလက်​မှုနှင့် ဝန်​​ဆောင်​မှုလုပ်​ငန်း​ပေါင်းစုံအလုပ်​သမားများသမဂ္ဂအဖွဲ့ချုပ်​ ရုံးအဖွဲ့မှူး ကိုကျော်ဇင်ဟိန်း​က “ကျနော်တို့ အလုပ်ရှင်နဲ့ EC စာချုပ်ပါ အချက်တွေကို ညှိနှိုင်းဖို့လုပ်တယ်။ ဒါပေမယ့် အလုပ်ရှင်က ကျနော်တို့ အလုပ်သမားတွေကို တွေ့ခွင့်မပေးဘူး ဖုန်းဆက်သွယ်​လည်း​မကိုင်​ဘူး။ အဲဒါ့ကြောင့် ကျနော်တို့ မဲပေးထားတဲ့ အစိုးရကိုအားကိုးပြီး ဖြေရှင်းပေးဖို့ လာ အကူအညီတောင်းတာပါ” လို့ ပြောပါတယ်။ ​မီကို​ကော်​ဖီစက်​ရုံ အလုပ်သမား မအေးမာက “ကျမတို့က နယ်ကလာပြီး လာလုပ်တာ။ အဆောင်နေရတာ​လေ။ ဘာမှမလုပ်ရလို့ လခမရရင် စားဝတ်နေရေး ကအစ အခက်အခဲ​တွေရှိတယ်​။ ကျမတို့ အနေနဲ့က အလုပ်ကို သေချာလုပ်ရဲ့သားနဲ့ ဘာလို့အလုပ်ဆင်းခွင့်မပေးတာလဲ ဆိုတာ သိချင်တယ်။ ကျမတို့မှာ အ​ဆောင်​စရိတ်​​တွေ၊ ထမင်းစရိတ်​​တွေက အလုပ်​ဆင်းရမှ ​ပြေလည်မှာ ဖြစ်​တယ်”လို့ ပြောပါတယ်။ စက်ရုံအတွင်း အမျိုးသမီး အလုပ်သမား​တွေကို အလုပ်သမားခေါင်းဆောင်အများစုက နှုတ်နဲ့ရော ကိုယ်အမူအရာနဲ့ပါ လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားမှုတွေလည်းရှိ​နေတာကို အလုပ်​သမားနဲ့ သက်​ဆိုင်​တဲ့ဌာန​တွေကို တင်​ပြထား​ပေမယ့် ယ​နေ့အချိန်​အထိ အ​ရေးယူ​ဆောင်​ရွက်​တာမရှိဘူးလို့  အလုပ်သမား သမဂ္ဂ၀င် ကို​ကျော်​ဇင်​ဟိန်းက ပြောပါတယ်​။ အခုလို မီကိုစက်​ရုံက အလုပ်​သမား၃ဝက မန္တ​လေးတိုင်း​ဒေသကြီး အစိုးရရုံး​ကတာဝန်​ရှိသူ​တွေကို အကူအညီလာ​ရောက်​​တောင်းဆိုတာကို တိုင်းအစိုးရ တာဝန်​ရှိသူ​တွေက နိုဝင်ဘာ ၉ရက်နေ့မှာ ညှိနှိုင်း ဖြန်​​ဖြေရုံးမှာ​ ဖြေရှင်း​ပေးမယ်​လို့ အ​ကြောင်းပြန်​ကြား ပေးလိုက်​ပါတယ်​။ မီကိုကော်ဖီမစ်စက်ရုံ အလုပ်သမားတွေဟာ  စက်တင်ဘာ ၁၈ရက်ကလည်း တောင်းဆိုချက် ၂၁ချက်နဲ့အတူ သပိတ်မှောက်ဆန္ဒပြခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024