လေယာဉ်ပျက်ကျမှု သေဆုံးသူရုပ်အလောင်းများ ရှာဖွေရေးတိုးမြှင့်ရန် အင်ဒိုသမ္မတ တိုက်တွန်း

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်း ရှာဖွေရေးကို အရှိန်မြှင့်လုပ်ဆောင်ကြဖို့ အောက်တိုဘာ ၂ ရက်နေ့မှာ တိုက်တွန်း လိုက်ပါတယ်။ အင်ဒိုနီးရှား ရေငုပ်သမားတွေဟာ ပျက်ကျရာ လေယာဉ်ရဲ့ ဒုတိယမြောက်  black box ကို ရရှိဖို့အတွက် ရှာဖွေရေးကို ပြန်လည်စတင်နေပါတယ်။ ရှာဖွေရေးသမားတွေဟာ black box တခုရဲ့ အစိတ်အပိုင်းကိုသာ ရှာတွေ့ပြီး ဆယ်ယူရရှိတဲ့ ရုပ်အလောင်းတွေထဲက တခုကိုပဲ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ပါသေးတယ်။ သမ္မတ ဂျိုကိုဝီဒိုဒိုက “ပျောက်ဆုံးနေသူတွေအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ရှာဖွေရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးဟာ ဦးစားပေးဖြစ်တာမို့ ပျက်ကျရတဲ့အကြောင်းရင်းကို အမြန်ဆုံးအဖြေရှာဖို့ အမျိုးသားပို့ဆောင်ရေး လုံခြုံမှုကော်မတီကို တာဝန်ပေးထားပါတယ်။ ဒါမှသာ ဒီလို မတော်တဆမှုမျိုး ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ လေကြောင်းခရီးသွားလာမှု အမြန်ဆုံးတိုးတက်လာတဲ့ ဈေးကွက်တွေထဲက တခုဖြစ်ပါတယ်။ ၂၀၁၂ ကနေ ၂၀၁၇ အတွင်း ကြီးမားတဲ့ လေကြောင်း မတော်တဆမှု ၁၃၇ ခုကို အင်ဒိုနီးရှား ပို့ဆောင်ရေးလုံခြုံမှု အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up