Home
မြန်မာသတင်း
ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲ ကျင်းပ
DVB
·
October 19, 2018
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲကို ရန်ကုန်မြို့ Green Hill Hotel မှာ အောက်တိုဘာ ၁၉ နေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။ ကျား -မ တန်းတူရေး ဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်ဆွေးနွေးပွဲကို အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကနေ ဦးဆောင်ပြုလုပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်စာတမ်းကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ ဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်စူဇန်နာ လှလှစိုး၊ ABSDF က မိဆူးပွင့် နဲ့ SNLD က နန်းမြဦးတို့ကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ပြီး အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့ပြီး ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူ ၄ ချက်ကိုချမှတ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အချက်တွေဖြစ်တယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြောပါတယ်။ အဲဒီအခြေခံမူတွေဟာ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ရေးနဲ့ ကျားမတန်းတူတွေကို ဖော် ဆောင်ရေးအတွက် လုံလောက်တဲ့ ထိရောက်မှု မရှိသေးဘူးလို့ ဆွေးနွေးတဲ့သူတွေက ပြောသလို သုံးသပ်ချက်စာတမ်းထဲမှာလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024