ရေဘေးသင့် မာလိုကာကျွန်း ပျက်စီးမှုများကို တင်းနစ်အကျော်အမော် နာဒယ် ပါဝင်ရှင်းလင်း

စပိန်နိုင်ငံ မာလိုကာကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှု နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးခဲ့တာတွေကို ရှင်းလင်းနေပြီး စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လည်း ပါဝင်ကူညီခဲ့ပါတယ်။ မာလိုကာဟာာ နာဒယ်ရဲ့ မွေးရပ်မြေဖြစ်ပြီးတော့ သူ့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ အကယ်ဒမီမှာ ပျက်စီးဆုံးရှုံးခဲ့တာတွေကို လုပ်အားပေးကူညီပေးခဲ့ပါတယ်။ ကမ္ဘာ့နံပါတ် ၁ ကစားသမား ရာဖေးလ်နာဒယ်ဟာ လက်ရှိမှာတော့ လက်စွမ်းပိုင်း ကျဆင်းနေတာကြောင့် ထိပ်ဆုံးနေရာကို ခြိမ်းခြောက်ခံနေရသူလည်း ဖြစ်ပါတယ်။ ရာဖေးလ်နာဒယ် အကယ်ဒမီလို့ အမည်ရတဲ့ကျောင်းဟာ ကမ္ဘာ့နံပါတ် ၁ ကစားသမားအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။ မြို့တော် ပယ်လ်မာကနေ မိုင် ၄၀ လောက် ကွာဝေးတဲ့ စိန့်လောရန့်မြို့မှာ ပြီးခဲ့တဲ့ ရက်က ရေလွှမ်းမိုးခဲ့တာ ဖြစ်ပြီး လူ ၉ ဦးသေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up