ပရိသတ်အတွက် အကောင်းဆုံး ပြန်ကြိုးစားမည်ဟု MMA ဖိုက်တာ အန်တိုနီယာ ပြော

ပေါ့ဆမှုတခုကြောင့် ရှုံးနိမ့်သွားခဲ့ပေမယ့် အလွန်အမင်း မျှော်လင့်ခဲ့ကြတဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး ပြန်လည်ကြိုးစားပေးသွားမယ်လို့ မြန်မာ ကိုယ်စားပြု MMA ဖိုက်တာ ကယန်းတိုင်းရင်းသူ ဘိုဇီနာ အန်တိုနီယာက ပြောပါတယ်။ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ One Championships:Kingdom Of Heros ပွဲမှာ ထိုင်းနိုင်ငံသူ ရီကာ အစ်ရှီဂီကို ပထမအချီမှာ အလဲထိုးရှုံးနိမ့်ခဲ့တဲ့ အန်တိုနီယာဟာ ပွဲမှာ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သတ်လို့ ပြောတာပါ။ အန်တိုနီယာဟာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဖြစ်ပေမယ့် MMA ပြိုင်ပွဲမှာတော့ အတွေ့အကြုံနုသေးတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင် အချိန်မှာတော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရအောင် ကြိုးစားလေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။ မြန်မာပရိသတ်တွေအတွက် နောက်ထပ်မျှော်လင့်နေတဲ့ ပွဲတပွဲဖြစ်တဲ့ အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲဟာလည်း အောက်တိုဘာလ ၂၆ ရက်နေ့ ရန်ကုန်သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပသွားဖို့ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up