အင်ဒို ငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၁၆ဝဝ ကျော်ထိ ထပ်တိုးလာ

အင်ဒိုနီးရှားမြေငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ  အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ ၁,၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဒါပေမယ့် ငလျင်ဗဟိုချက် ကျရောက်ရာ နေရာက လူအတော်များများဟာ အချိန် ၃ နာရီ စောပြီး လှုပ်ခဲ့တဲ့ ငလျင်ငယ်ကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ပါလူမြို့မြောက်ပိုင်းက ရွာငယ်လေးတွေရှိတဲ့ ကမ်းမြောင်ဒေသဟာ မြေငလျင်ကြောင့် မြေပြိုပြီး တခုတည်းသော လမ်းမကြီးဟာ တပတ်ကြာ ပိတ်ဆို့ခဲ့ပါတယ်။ အခုအခါမှာတော့ လမ်းပွင့်သွားပြီဖြစ်လို့ အကူအညီတွေ ပို့ဆောင်နေပါတယ်။ အဲဒီဒေသမှာ အချိန် ၃ နာရီစောပြီး လှုပ်ခဲ့တဲ့  ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ မြေငလျင်ကြောင့် မရေမတွက်နိုင်တဲ့ လူ့အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒေသခံတွေဟာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိတ်လန့်နေဆဲ ဖြစ်ပြီး နောက်ထပ် ငလျင် လှုပ်နိုင်သေးတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ထွက်နေပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ နေအိမ်တွေဆီ ပြန်သွားဖို့ ကြောက်ရွံ့နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up