Live
Home
မြန်မာသတင်း
ပျက်စီးစပါးခင်းများ ပြန်စိုက်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ပါဝင်စိုက်ပျိုး (ဓာတ်ပုံ)
DVB
·
September 30, 2018
ကရင်ပြည်နယ်ထဲက ရေကြီးနစ်မြုပ်လို့ ပျက်စီးသွားတဲ့ စပါးခင်းတွေကို ဒီနေ့ ပြန်စိုက်ရာမှာ ပြည်နယ်ဝန်ကြီးချုပ်လည်း ပါဝင်စိုက်ပျိုးပေးခဲ့တာ တွေ့ရပါတယ်။ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနက သူတို့ရဲ့ လူမှုကွန်ရက်မှာ တင်တဲ့ ဓာတ်ပုံတွေမှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ တခြားဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့အတူ လယ်ကွင်းထဲမှာ ကောက်ပင်တွေစိုက်ပေးနေတာကို တွေ့ရပါတယ်။ ဘားအံမြို့နယ်၊ ဝါးဆူးကျေးရွာက ရေကြီးနစ်မြုပ်လို့ ပျက်စီးသွားတဲ့ စပါးခင်းတွေကို ပြန်စိုက်ပျိုးနေတာပါ။ ဇူလိုင်လကုန်ပိုင်းကစလို့ ကရင်ပြည်နယ်ထဲမှာ မိုးစပါးဧက ၅ သောင်းခွဲလောက် ရေကြီးနစ်မြုပ်ခဲ့ပြီး ဧက ၅ ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရဲ့ သြဂုတ် ၃ ရက်နေ့ထိ ကောက်ခံရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဘားအံမြို့နယ်မှာတော့ စိုက်ပျိုးပြီး စပါးစိုက်ဧက အများဆုံးရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024