အခြေခံဘောလုံးကျွမ်းကျင်မှု လေ့ကျင့်ခန်း ဗွီဒီယိုခွေ တနိုင်ငံလုံးသို့ ဖြန့်ချိမည်

အခြေခံဘောလုံးကျွမ်းကျင်မှု လေ့ကျင့်ခန်းတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။ ဗွီဒီယိုဖိုင်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့က နည်းပြ ဦးမျိုးလှိုင်ဝင်းနဲ့ တခြားနည်းပြတွေက အကယ်ဒမီက ကစားသမားတွေနဲ့အတူ အခြေခံဘောလုံးလေ့ကျင့်ခန်းတွေ ပြုလုပ်ထားပါတယ်။ ကနေဦးအနေနဲ့ ဒီဗွီဒီခွေအချပ်ရေ တသောင်းခွဲ ထုတ်လုပ်ထားပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုကနေတဆင့် မြို့နယ်ပေါင်းစုံကို ဖြန့်ဖြူးပေးမှာပါ။ အခြေခံပညာကျောင်း ၁၆ ကျောင်းကိုလည်း ဗွီဒီယိုဖိုင်နဲ့အတူ သရုပ်ပြ အစီအစဉ်တွေလည်း သွားရောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘောလုံးအခြေခံလေ့ကျင့်ခန်း ဒီဗွီဒီတွေမှာ အခြေခံ ဘောလုံးပညာ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ဂိုးကန်သွင်းခြင်း၊ ဂိုးဖမ်းခြင်း၊ ဘောလုံးပေးခြင်း၊ ဘောလုံးထိန်းသိမ်းခြင်း စတဲ့ နည်းစနစ်တွေ ပါဝင်ပါတယ်။ ဘောလုံးအခြေခံ လေ့ကျင့်ခန်း ဗွီဒီယိုဖိုင်တွေကို ကြည့်ပြီး လေ့ကျင့်နိုင်သလို နည်းပြကောင်းတွေမရှိတဲ့ အောက်ခြေက ဘောလုံးကစားသမားတွေအတွက် ဘောလုံးနည်းစနစ်တွေကို စနစ်တကျ ကစားနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ဖြန့်ဖြူးတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up