BMW ကုမ္ပဏီက ပထမဆုံးသော မောင်းသူမဲ့မော်တော်ဆိုင်ကယ်ကို ထုတ်ဖော်ပြသ(ရုပ်သံ)

BMW ကုမ္ပဏီရဲ့ ပထမဆုံးသော မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ကို မကြာသေးခင်က ထုတ်ဖော်ပြသလိုက်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ဒီဆိုင်ကယ်ကို  R1200GS လို့ နာမည်ပေးထားပြီး ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်အရ မောင်းသူ မရှိပေမယ့် ဒီဆိုင်ကယ်ဟာ လျင်မြန်ပြီး စွမ်းအားပြည့်ဝတဲ့ ပုံစံမျိုး မြင်တွေ့ရပါတယ်။ R1200GS ဆိုင်ကယ်ဟာ BMW ရဲ့ ပထမဆုံးသော မောင်းသူမဲ့ ဆိုင်ကယ်ဖြစ်ပြီး မောင်းတာ၊ ရပ်တာ စတဲ့ လုပ်ငန်းစဉ်တွေအကုန်လုံးကို သူ့ဘာသာသူ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆိုင်ကယ်တွေကို  ရောင်းချဖို့မဟုတ်ဘဲ သုတေသနပြုလုပ်ဖို့ ရည်ရွယ်ထားတာကြောင့် လမ်းမတွေပေါ်မှာတော့ တွေ့ရမှာမဟုတ်ပါဘူး။ “ဒီပရောဂျက်မှာ အကုန်လုံးပြီးပြည့်စုံတဲ့ မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ကို တီထွင်ဖို့က ကျနော်တို့ရဲ့ အဓိက ပန်းတိုင်မဟုတ်ပါဘူး။ ဒီမောင်းသူမဲ့ဆိုင်ကယ်ကို တီထွင်ရတဲ့ ရည်ရွယ်ချက်က မော်တော်ဆိုင်ကယ်တွေရဲ့ဘေးကင်းမှုကို မြှင့်တင်ဖို့ပါ။ အခု R1200GS နဲ့ ကျနော်တို့ လုံခြုံရေးစနစ်အသစ်တွေကို ထပ်မံဖော်ဆောင်နိုင်မှာဖြစ်ပါတယ်” လို့ BMW အင်ဂျင်နီယာ စတီဖင် ဟန်းစ်က ပြောပါတယ်။ ဒီ R1200GS က ပညာရှင်တွေအတွက် ယာဉ်မောင်းကို အထောက်အကူဖြစ်စေမယ့် ကိရိယာတွေကို တီထွင်ဖန်တီးရာမှာ အထောက်အကူဖြစ်စေမယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။ R1200GS နဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာအသစ်တွေကို ရှာဖွေမှာဖြစ်ပြီး ရရှိလာတဲ့ နည်းပညာအသစ်တွေကို အသစ်ထပ်မံထွက်ရှိမယ့် ဆိုင်ကယ်တွေမှာ ထည့်သွင်းအသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up