အမျိုးသမီးတဦးနှင့် မနက်စာအတူစားသည့် အမျိုးသားကို ဆော်ဒီအာဏာပိုင်များ ဖမ်းဆီး

ဆော်ဒီနိုင်ငံက ဟိုတယ်တခုမှာ ဧည့်ကြိုအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အီဂျစ်အမျိုးသားတဦးဟာ သူနဲ့အတူ မနက်စာအတူတူစားနေတဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအမျိုးသမီးတဦးတို့ ပါဝင်တဲ့ ဗွီဒီယိုဖိုင်တခုကို လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ အဖမ်းခံခဲ့ရသူတင်ခဲ့တဲ့ ဗွီဒီယိုဖိုင်အတိုလေးမှာ ခေါင်းကို လုံခြုံစွာ ဖုံးအုပ်ထားတဲ့ အမျိုးသမီးတဦးရဲ့ ပုံရိပ်တွေ ပါဝင်နေခဲ့တာဖြစ်ပြီး ဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ရရှိခဲ့ပါတယ်။ အကြောင်းကတော့ ဒီဗွီဒီယိုဖိုင်ဟာ အလုပ်လုပ်ကိုင်ရာနေရာနဲ့ အအစားအစာ စားသောက်ရာနေရာတွေမှာ အမျိုးသားနဲ့ အမျိုးသမီးတွေကို သီးသန့် ခွဲခြားထားရမယ်ဆိုတဲ့ ဆော်ဒီနိုင်ငံရဲ့ တင်းကြပ်တဲ့ ရှေးရိုးစွဲ သတ်မှတ်ချက်တွေကို ထင်ထင်ရှားရှား ချိုးဖောက်ထားလို့ပဲ ဖြစ်ပါတယ်။ ဒီဗွီဒီဖိုင်ကို ဆော်ဒီနိုင်ငံသားအများစုက နိုင်ငံရဲ့ယဉ်ကျေးမှုကို ဖျက်ဆီးမှုအဖြစ်ရှုမြင်ကာ ဒေါသထွက်ခဲ့ရပါတယ်။ ဒီခြေအနေကြောင့်ပဲ ဒီအမျိုးသားဟာ အဖမ်းခံခဲ့ရတာဖြစ်ပြီး သူနဲ့အတူပါဝင်တဲ့ အမျိုးသမီးပါ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းအချို့မှာ ဖော်ပြနေကြပေမယ့် ဒါကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အဖမ်းဆီးခံခဲ့ရတဲ့အတွက် အမျိုးသားဟာ သူ့မူရင်းနိုင်ငံကို ပြန်ပို့ခံရနိုင်ခြေ များနေပြီး ဒီဖြစ်ရပ်ကြောင့် ဟိုတယ်ပိုင်ရှင်ကိုလည်း အာဏာပိုင်တွေက ဆင့်ခေါ်ကာ ဖြေရှင်းချက် တောင်းခံထားတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဆော်ဒီနိုင်ငံတွင်းမှာရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူတွေက စိတ်းဆိုးဒေါသထွက်ကာ ပြင်းပြင်ထန်ထန် ဝေဖန်ကန့်ကွက်နေကြပါတယ်။ ဒါပေမယ့် ဒီလိုဝေဖန်သူတွေကို တန်ပြန်ဝေဖန်မှုပြုလုပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up