ကမ္ဘာ့နံပါတ်တစ်တင်းနစ်သမား ရာဖယ်နဒါး ဒဏ်ရာကြောင့် ယူအက်စ်အိုးပန်းပြိုင်ပွဲမှ အနားယူ

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ရာဖယ် နဒါးဟာ ဒူးဒဏ်ရာကြောင့် ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကနေ အနားယူသွားပါတယ်။ စပိန်သား နဒါးဟာ အာဂျင်တီးနားက ဒယ်ပေါ်တိုနဲ့  ယှဉ်ပြိုင်နေတုန်း ဒုတိယမြောက်ပွဲစဉ်မှာ ဒဏ်ရာကြောင့် အနားယူသွားတာပါ။ နဒါးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဂရန်းစလန်းပြိုင်ပွဲ ၄ ခုမှာ ဗိုလ်လုပွဲအထိ တက်လှမ်းထားပြီး ၂၀၁၇ မှာ ယူအက်စ်အိုးပန်း ချန်ပီယံဆုကို ရရှိထားပါတယ်။ နဒါးဟာ ဂရန်းစလန်းဆုဖလားပေါင်း ၁၇ ခုအထိ ရရှိထားသူပါ။ အခုလို ပြိုင်ပွဲကနေ ဒဏ်ရာကြောင့် အနားယူရတာဟာ နဒါးအတွက်တော့ ဒီနှစ်ထဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ သြစတြေးလျအိုးပန်းပြိုင်ပွဲတုန်းကလည်း ကွာတားအဆင့်မှာ အနားယူခဲ့ရဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up