အင်္ဂလန်လက်ရွေးစင်အသင်းမှ အနားယူကြောင်း တိုက်စစ်မှူး ဗာဒီ ကြေညာ

အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းကနေ အနားယူလိုက်ပြီလို့ တိုက်စစ်မှူး ဂျေမီဗာဒီက ကြေညာလိုက်ပါတယ်။ မိသားစုနဲ့ လက်စတာအသင်းကို ပိုပြီး အချိန်ပေးလိုတာကြောင့် လက်ရွေးစင် အသင်းကနေ အနားယူဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ဗာဒီက ဆိုပါတယ်။ အသက် ၃၁ နှစ်ရှိ ဗာဒီဟာ ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့အတူ နောက်ဆုံး ပါဝင်ကစားခဲ့ပါတယ်။ မိမိဟာ အသက်ငယ်ရွယ်တဲ့အချိန် မဟုတ်တော့တာကြောင့် အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လူငယ်တွေကို နေရာပေးခဲ့တဲ့ နည်းပြဆောက်ဂိတ်ကိုလည်း ထောက်ခံကြောင်း ဗာဒီက ဆိုပါတယ်။ မိမိအနားယူမယ့် အကြောင်းကိုလည်း နည်းပြဆောက်ဂိတ်ကို ရှင်းပြခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို နည်းပြဆောက်ဂိတ်ကလည်း နားလည်လက်ခံခဲ့တယ်လို့ ဗာဒီက ဆိုပါတယ်။ အသက် ၃၁နှ စ်ရှိ ဂျေမီဗာဒီဟာ အောက်တန်းလိဂ်တွေမှာ ကစားခဲ့ပြီးနောက် လက်စတာအသင်းနဲ့အတူ ၂၀၁၅ ပရီးမီးယားလိဂ်ချန်ပီယံ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လက အင်္ဂလန်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး စုစုပေါင်း ၂၆ ပွဲမှာ ၇ ဂိုး သွင်းယူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up