တရုတ်တွင် ယွမ်ငွေအတု ၂ သန်းခွဲကျော် သိမ်းဆည်းရမိ

တရုတ်ရဲတွေဟာ ယွမ်ငွေ ၂ ဒသမ ၅၄ သန်း တန်ဖိုးရှိတဲ့ ငွေစက္ကူအတုတွေကို သြဂုတ် ၂၆ ရက်က သိမ်းဆည်းရမိခဲ့ပါတယ်။ တရုတ်အရှေ့ပိုင်း အန်းဟွေပြည်နယ် ဘိုကျိုးမြို့က သံသယရှိသူ သားအဖ နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ရွာသား ဝမ် ဆိုသူဟာ ငွေစက္ကူအတုတွေ လုပ်နေတယ်လို့ သံသယရှိကြောင်း သတင်းပေးချက်ကို ရဲတွေက မေလမှာ လက်ခံရရှိခဲ့တာပါ။ ဂရုတစိုက် စုံစမ်းစစ်ဆေးအပြီး ဇူလိုင်နှောင်းပိုင်းမှာ အဆောက်အဦထဲကို ချိုးဖျက်ဝင်ပြီး ဖမ်းဖို့ ရဲတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဝင်စီးနင်းချိန်မှာ ၁၀၀ တန် ယွမ်ငွေစက္ကူတွေနဲ့ ၂၀ တန် ငွေစက္ကူတွေ၊ ပုံနှိပ်စက်တွေ၊ ကွန်ပျူတာတွေ၊ ငွေရိုက်နှိပ်တဲ့ စက်တွေနဲ့ ပုံနှိပ်မင်တွေကို တွေ့ခဲ့ပါတယ်။ ငွေအတုရောင်းလို့ရတဲ့ ငွေစက္ကူအစစ် ယွမ်ငွေ ၂ သိန်း ၄ သောင်းကိုပါ ရဲတွေက သိမ်းခဲ့ပါတယ်။ သားဖြစ်သူက ငွေအတု ဘယ်လိုလုပ်လဲဆိုတာ အင်တာနက်ပေါ်ကနေ သင်ခဲ့ပြီး ၂၀၁၇ ကစလို့ အိမ်မှာ စမ်းသပ်ခဲ့တယ်၊ ယွမ် ၁၀၀ တန် ငွေစက္ကူအတုကို ၈ ယွမ်နဲ့ ရောင်းတယ်လို့ ဝန်ခံခဲ့ပါတယ်။ တရုတ်ရာဇဝတ်မှု ဥပဒေအရ ငွေစက္ကူအတုလုပ်မှုဟာ အနည်းဆုံးအနေနဲ့ ဒဏ်ငွေနဲ့အတူ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်ထိ ကျခံရနိုင်ပါတယ်။ အခြေအနေ အထူးဆိုးရွားခဲ့ရင် ထောင်ဒဏ်ဆယ်နှစ် အထက်ကနေ သေဒဏ်ထိ ကျခံရနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up