Home
မြန်မာသတင်း
အင်းလေးကန်အရှေ့ဘက်တွင် ဆောက်လုပ်မည့်ဟိုတယ်ကို ကန့်ကွက်
DVB
·
August 26, 2018
အင်း​လေးကန်​အ​ရှေ့ဘက်​ မိုင်း​သောက်​တံတား​မြောက်​ဘက်​ ကျွန်း​မျော​တောရိုင်း ဧက ၉ဝ ကို မြန်​မာနိုင်​ဂရုပ်​က ဟိုတယ်ဆောက်​မှာကို ​ဒေသခံတွေနဲ့ လွှတ်​​တော်ကိုယ်​စားလှယ်​​ တွေက ကန့်​ကွက်​ခဲ့ကြပါတယ်​။ ၂ဝ၁၁ ခုနှစ်​က ​မြေလွတ်​​မြေရိုင်းသတ်​မှတ်​ပြီး မြန်​မာနိုင်​ဂရုပ်​က ဟိုတည်​​ဆောက်​ဖို့ ပုံစံ ၁ဝ၅ ​လျောက်​ထားရာမှာ ဥပ​ဒေအရ ကန့်​ကွက်​လိုက ကန့်​ကွက်​နိုင်​​ကြောင်း အ​ကြောင်းကြား လာတဲ့အတွက်​ ​ဒေသခံ​တွေက ကန့်​ကွက်​ကြပါတယ်​။ ညောင်​​ရွှေမြို့ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ် ကိုခင်​​မောင်​ဝင်းက “အင်းလေးကန် အရှေ့ဘက်ကမ်းမှာဆို မိုင်းသောက်တံတားရဲ့ မြောက်ဘက်မှာရှိတဲ့ ဧက ၉ဝ ကို ကျနော့် တဦးတည်း သဘောထားအနေနဲ့ ပြောရရင် မလုပ်သင့်မလုပ်အပ်တဲ့ နေရာဖြစ်တယ်လို့ ခံယူပါတယ်။ အင်းလေးကန်ဟာ တကယ့်နေရာဖြစ်တယ်။ ဒီနေရာဟာ ရေချိုထွက်တာတွေ ရှိတယ်။ ဒီနေရာမှာ ဆောင်းခိုငှက်တွေ၊ ဒေသမျိုးရင်းငှက်တွေ ခိုလှုံတဲ့နေရာဖြစ်တယ်။ အင်းလေးကန်ကြီးကို ထိန်းသိမ်းတဲ့နေရာမှာလည်း ဒီနေရာက အများကြီးအသုံးဝင်တဲ့ နေရာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ ဟိုတယ်ဆောက်မယ်ဆိုရင်တော့ အင်းလေးကန်မှာရှိတဲ့ အင်းသူအင်းသားတွေဟာ ကန့်ကွက်ကြမှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။ အဲဒီကျွန်း​​မျော​တောရိုင်းဟာ ​ရေချို​တွေထွက်​ရှိတဲ့အပြင်​ ​တောင်​ကျ​နုန်း​မြေ​တွေ အင်း​လေး ကန်​ထဲ မ​ရောက်​​အောင်​ ကာကွယ်ပေးတာပါ။ ဒါ​တွေကို ဟိုတယ်​​ဆောက်​မယ်​ဆိုရင်​ သဘာဝ​ရေအရင်းအမြစ်​ပျက်​ဆီးပြီး အင်း​လေးကန်​​ ရေရှည်​တည်​တံ့​ရေးကိုပါ ထိခိုက်​နိုင်​လို့ ​ဒေသခံတွေက အမျိုးမျိုး ကန့်​ကွက်​ကြပါတယ်​။ ​ညောင်​​ရွှေ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ် ဦး​နေမျိုး “ အင်းလေးကန်ကြီးက ကျနော်တို့ အင်းသူအင်းသား တယောက်တည်း ပိုင်တာမဟုတ်ပါဘူး။ မြန်မာပြည်ကြီးနဲ့လည်း ဆိုင်တယ်။ ကမ္ဘာကြီးနဲ့လည်းဆိုင်တဲ့ ကမ္ဘာ့အမွေအနှစ်ပါ။ ဒါကြီးကို ကျနော်တို့ ရေရှည်တည်တံ့အောင် လက်တွေ့လုပ်ဆောင် နေတာဟာ ကျနော်တို့ ဒေသခံတွေပါ။ ကျနော်ပြောတဲ့စကားက လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း မဟုတ်ဘူး။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ကော်မတီအနေနဲ့လည်း မဟုတ်ဘူး။ အင်းလေးကန်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတယောက် အနေနဲ့ ပြောတာပါ။ ဒီလောက် အင်းလေးကန်ကြီး ပျက်စီးယိုယွင်းနေတာကို ဟန့်တားလို့ မရတဲ့ ကာလအခြေအနေမှာ ပြန်ကောင်းအောင်လုပ်ဖို့ မလွယ်တဲ့အချိန်မှာ ကျနော်တို့ အသည်းအသန် ကြိုးစားရုန်းကန်နေချိန်မှာ အဝေးကနေ ချစ်ပြနေတာကို အနီးကပ်ပြီး နောက်ကျော ဓားနဲ့ထိုး တာတို့ ဖြစ်ကုန်မှာ အင်းလေးကန်ကြီး ပျက်စီးသွားမှာ ကျနော် ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်း တွေမှ မပြောပါဘူး။ အင်းလေးကန်ကြီးကို ပျက်စီးစေမယ့် ကိစ္စမှန်သမျှ ကျနော်တို့ကတော့ ကန့်ကွက်သွားမှာပါ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်​လ ၁၃ ရက်​​နေ့က ​ဒေသခံ​တွေ့ဆုံပွဲပြုလုပ်​ပြီး လက်​မှတ်​ကောက်​ခံ​ ကန့်ကွက်လွှာကို ​​နေပြည်​​တော်​နဲ့ ​ရေးရာ​ကော်​မတီထံ တိုင်​ကြားထား​ကြောင်းလည်း သိရပါတယ်​။ မိုင်း​သောက်​ကျွန်း​မျောရိုင်းဧက ၉ဝ အတွင်း မြန်​မာနိုင်​ဂရုပ်​က ဟိုတယ်​​ဆောက်​မှာကို ​အင်း​လေး​ဒေသခံ​တွေက လက်​မှတ်​ထိုးကန့်​ကွက်​တာ ၂ ကြိမ်​နဲ့ လမ်း​ပေါ်ထွက်​ဆန္ဒပြ ကန့်​ကွက်​တာတကြိမ်​ သုံးကြိမ်​ရှိပြီဖြစ်​​ကြောင်း ​သိရပါတယ်​။ သတင်း - ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024