Live
Home
မြန်မာသတင်း
ဂျပန်အကူဖြင့်တည်ဆောက်ခဲ့သည့် ဒေါပုံတံတားဖွင့်လှစ်
DVB
·
August 25, 2018
ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ဒေါပုံတံတားကို ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။ ဒီတံတားဟာ ပုဇွန်တောင်ချောင်းကို ဖြတ်ပြီး ပုဇွန်တောင်မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထား တာပါ။ ဖွင့်ပွဲကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “သီလဝါ အထူး စီးပွားရေးဇုန်ဟာ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံး အထူး စီးပွားရေးဇုန်ကြီိးဖြစ်ပါတယ်။ ဒါကြောင့် သီလဝါအထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သူ၊ မြို့သားတွေကို ဆက်သွယ်ပေးနိုင်ဖို့နဲ့ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဟံသာဝတီ- ပဲခူးစီးပွားရေး ကော်ရစ်တာကြီးပေါ်မှာ ရှိနေတဲ့ စက်မှုဇုန်ကြီးကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီ ဒေါပုံတံတားဟာ များစွာ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့အရှေ့ဘက်ခြမ်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုလျင်မြန်ပြီး လူမှုဘဝတွေကို ပိုမိုတိုးတက်စေနိုင်ဖို့ ဒီတံတားဟာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြီးတော့ ရန်ကုန်မှာ ဂျပန်နိုင်ငံရဲ့ အကူအညီပေးမှုနဲ့ တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေမှာ ဒေါပုံတံတားဟာ အဓိကမှတ်တိုင်တခု ဖြစ်လို့ ဂျပန်-မြန်မာချစ်ကြည်ရေး တံတားတစင်းလို့ ပြောမယ်ဆိုရင်လည်း ရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ “ဒီတံတားကြောင့် ပြည်သူလူထုတွေရဲ့ လူမှုဘဝကို အထောက်အကူပေးနိုင်မှာဖြစ်သလို ဒေါပုံ-သာကေတဘက်တကြောကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုး တိုးတက်ရေးမှာ လမ်းပန်းဆက်သွယ်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတခုမှာ ရှိပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြို့ရဲ့အဓိကကျတဲ့ မြစ်ကြီးနှစ်စင်းလိုဖြစ်နေတဲ့ ဒီဘက်မှာရှိနေတဲ့ ငမိုးရိပ်ချောင်းရိုး၊ တဘက်မှာရှိနေတဲ့ ရန်ကုန်မြစ်ကို တံတားတွေနဲ့ ဆက်သွယ်ပြီး ရန်ကုန်မြို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့မြို့ပြကြီး ဖြစ်လာစေဖို့ ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။ အရှည် ပေ ၈၃၀ ရှိတဲ့ ဒီတံတားကို ၂၀၁၅ ခုနှစ်က စတင်တည်ဆောင်ခဲ့တာဖြစ်ပြီး  ဂျပန်ယန်းငွေ ၄၂၁၆ သန်းကုန်ကျတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024