ပဲရစ်မြို့တွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ဆင်ခြေဖုံးမှာရှိတဲ့ ထရာအရပ်မှာ သြဂုတ် ၂၃ ရက်နေ့က ဓားနဲ့တိုက်ခိုက်မှု ဖြစ်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓားနဲ့တိုက်ခိုက်သူကိုတော့ ရဲက ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဓားနဲ့တိုက်ခိုက်သူက အလ္လာက ကြီးမြတ်တယ်လို့ အော်ဟစ်ခဲ့ကြောင်း BFM TV က သတင်းဖော်ပြခဲ့ပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒီသတင်းကို ချက်ချင်း အတည်မပြုထားသေးပါဘူး။ ဒီတိုက်ခိုက်မှုနောက်ကွယ် အကြောင်းအရာနဲ့ တိုက်ခိုက်သူ ဘယ်သူဖြစ်တယ်ဆိုတာကို မသိရသေးသလို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ထရာအရပ်ဟာ ပဲရစ်မြို့ အနောက်ပိုင်းမှာ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up