Home
မြန်မာသတင်း
ရေဘေးသင့်သူများအတွက် အမေရိကန်နှင့် ထိုင်းရောက် မြန်မာများ ငွေလှူဒါန်း
DVB
·
August 13, 2018
မြန်မာပြည်တွင်းက ရေဘေးဒုက္ခခံစားနေရသူတွေအတွက်  အမေရိကန်နဲ့ ထိုင်းနိုင်ငံရောက် မြန်မာအသိုင်းအ၀န်းက  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကတဆင့် အလှူငွေတွေ ပေးအပ်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြန်မာလူမှုရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ National Humanitarian Fundraising For Myanmar (NHFMM) က ကြီးမှူးပြီး မြန်မာအစားအစာနဲ့ မြန်မာအထိမ်းအမှတ် လက်မှုပစ္စည်း ဈေးရောင်းပွဲကရရှိတဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမိသားစုတွေနဲ့ ထိုင်းနိုင်ငံရောက် စေတနာရှင် မြန်မာလုပ်ငန်းရှင်တချို့တို့ကနေ ရေဘေးဒဏ်ခံ ပြည်သူတွေအတွက် ထိုင်းဘတ် ၇၄၂,၀၀၀ ကိုလည်း ပေးအပ်ခဲ့ကြပါတယ်။ အဲဒီလှူဒါန်းငွေတွေကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံကို သြဂုတ် ၁၃ ရက်က လွှဲပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။ ဓာတ်ပုံ-MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024