မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်ကို Border Pass စနစ်ဖြင့် ခွင့်ပြု
DVB
·
August 4, 2018
မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်ကို Border Pass စနစ်နဲ့ တမူးမြို့အတွင်းနဲ့ မိုးရေးမြို့အတွင်းမှာ ၁၃ ရက်အိပ် ၁၄ ရက်ခရီးသွားခွင့်ပြုမယ်လို့ လဝက ဦးစီးအရာရှိ ဦးတင်ဇော်မြင့်က ပြောပါတယ်။
အခုလက်ရှိမှာ သမ္မတရုံးခွင့်ပြုချက်၊ ဟိုတယ်နဲ့ခရီး ခွင့်ပြုချက်အပြင် ဧည်လမ်းညွှန်ပါမှ သွားလာခွင့်ရတာပါ။
လာမယ့် သြဂုတ် ၈ ရက်နေ့မှာတော့ မြန်မာ-အိန္ဒိယ နိုင်ငံတကာ နယ်စပ်ဝင်/ထွက်ပေါက် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပဖို့ ရှိနေပါတယ်။
အဲ့ဒီ ဖွင့်ပွဲ ပြီးတာနဲ့ Border Pass Permit စနစ် ၂ မျိုးဖြစ်တဲ့ BP (Border Pass) စနစ်နဲ့  ဖြတ်သန်းသွားလာခွင့် ပေးသွားမယ်လို့လည်း သိရပါတယ်။
မေလ ၁ဝ ရက်နေ့က ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားလို့ ကုန်သည်တွေ အခက်တွေ့နေတဲ့ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့က မြန်မာ-အိန္ဒိယ နယ်စပ် ဝင်/ထွက်ပေါက်ကို Border Pass စနစ်နဲ့ ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေးအတွက်လည်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ နှစ်ဖက်တာဝန်ရှိသူတွေဟာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။