Home
မြန်မာသတင်း
ရေကျော်နေ၍ ပိတ်ထားသည့် ဘုရားကြီး - ကော့သောင်းလမ်း ပြန်ဖွင့်
DVB
·
July 30, 2018
လမ်းပေါ်မှာ ရေကျော်နေလို့ ဘုရားကြီး - ကော့သောင်း အဝေးပြေးလမ်းကို ယာယီပိတ်ထားရာက ဒီနေ့ ပြန်ဖွင့်ပြီလို့ မွန်ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။ ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့က တချို့နေရာတွေမှာ လမ်းရေကျော်နေခဲ့လို့ ဇူလိုင် ၂၆ ရက်ကစပြီး ဘုရားကြီး- မော်လမြိုင်- ထားဝယ်-  ကော့သောင်းအဝေးပြေး လမ်းမကြီးကို ယာယီပိတ်ထားခဲ့တာပါ။ အခုအခါ ရေပြန်လည်ကျဆင်းနေပြီဖြစ်လို့ ရေကျော်ခဲ့တဲ့နေရာတွေကို လမ်း၊ တံတား ပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက ကြံ့ခိုင်မှု စစ်ဆေးခဲ့ပြီး ဒီနေ့ ညနေ ၂ နာရီခွဲမှာ သထုံမြို့နယ်ဘက်က ဖွင့်ပြီး ညနေ ၄ နာရီမှာတော့ ကျိုက်ထိုမြို့နယ်ဘက်ကနေ အဝေးပြေးလမ်းမကြီးကို ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024