ကာဇက်စတန် အိုလံပစ် စကိတ်ကစားသမား ဓားထိုးခံရ၍ သေဆုံး

ကာဇက်စတန်နိုင်ငံက အိုလံပစ် စကိတ်အားကစားသမား ဒန်းနစ်ထန် ဓားထိုးခံရပြီး သေဆုံးမှုမှာ မသင်္ကာသူ ၂ အမျိုးသား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ကာဇက်စတန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မသင်္ကာသူတွေထဲက တဦးဟာ ၂၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူ့ကို အယ်လ်မာတီမြို့ထဲကနေ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒန်းနစ်ထန်ကို ဓားနဲ့ထိုးခဲ့တယ်ဆိုတာကို အဲဒီအမျိုးသားက ဝန်ခံထားတယ်လို့လည်း ဆိုပါတယ်။  ဒန်းနစ်ထန်ဟာ သူ့ကားမှန်ကို ခိုးဖို့ကြိုးစားတဲ့ ဒီအမျိုးသား ၂ ဦးနဲ့ ထိပ်တိုက်တွေ့ ရာကနေ ရင်ဘတ်ကို ဓားထိုးခံရပြီး သေဆုံးခဲ့တာလို့ သတင်းတွေမှာဖော်ပြပါတယ်။ ဒန်းနစ်ထန်ဟာ ၂ဝ၁၄ ဆိုချီအိုလံပစ်မှာ ကြေးတံဆိပ်ရခဲ့ပြီး ၂ဝ၁၃ နဲ့ ၂ဝ၁၅ ကမ္ဘာ့ချံပီယံရှစ်ပြိုင်ပွဲတွေမှာ ကြေးတံဆိပ်နဲ့ ငွေတံဆိပ်တွေ ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up