သမ္မတကြီး ဦးဝင်းမြင့် ပုံတူပန်းချီ တာချီလိတ်တွင် စိုက်ထူ
DVB
·
July 16, 2018
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအရှေ့ဘက်မှာ ယခင် သမ္မတဦးထင်ကျော်ရဲ့ ပုံတူ ဗွီနိုင်းအစား ဆီဆေးပန်းချီ ရေးထားတဲ့ သမ္မတသစ် ဦးဝင်းမြင့် ပုံတူကို ဇူလိုင် ၁၅ ရက်နေ့က စိုက်ထူခဲ့ပါတယ်၊
“နယ်စပ်မြို့ဖြစ်တဲ့အတွက် တဖက်နိုင်ငံက နိုင်ငံခြား ဧည့်သည်တွေလာရင် မြန်မာနိုင်ငံရဲ့ သမ္မတသစ် ပုံတူကို လွယ်လွယ်ကူကူ မြင်ရဖို့၊ မြို့သူမြို့သားတွေ ဂုဏ်ယူတတ်ဖို့ စိုက်ထူထားတာ ဖြစ်တယ်” လို့ ပန်းချီ စိုက်ထူရေးမှာ ဦးဆောင်ပြုလုပ်သူ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောပါတယ်။
ပန်းချီရဲ့ အမြင့်က ၁၂ ပေ ၄ ပေဖြစ်ပြီး ကုန်ကျစရိတ်က ကျပ် ၁ဝ သိန်းလောက် ရှိတယ်လို့လည်း သိရပါတယ်။
ကိုဇက်(တာချီလိတ်)