Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားများအရေး အတိုင်ပင်ခံနှင့် IOM ညွှန်ကြားရေးမှူးချုပ် ဆွေးနွေး
DVB
·
July 12, 2018
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swing နဲ့  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံပြီး ရွှေ့ပြောင်းလုပ်သားများအရေး ဆွေးနွေးခဲ့ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေ အပါအဝင် ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့ အခြေချ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အမိနိုင်ငံ ပြန်လည်လာရောက်ရေး၊ မြန်မာက အခြားနိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ပြောင်းရွှေ့နေထိုင်သူတွေအရေး၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းသွားလာသူတွေနဲ့ ရွှေ့ပြောင်းလုပ်သား အရေးကိစ္စတွေမှာ IOM အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024