မန်စီးတီးကို ပြောင်းရွှေ့နိုင်သည့်အတွက် ကျေနပ်ဟု မာရက်ဇ် ပြော

ဓာတ်ပုံ - တွစ်တာ
မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့နိုင်တဲ့အတွက် အရမ်းကျေနပ်တယ်လို့ ကွင်းလယ်ကစားသမား မာရက်ဇ်က အသင်းသစ် မန်စီးတီးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မန်စီးတီးဟာ အသက် ၂၇ နှစ်အရွယ် မာရက်ဇ်ကို လက်စတာအသင်းကနေ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူထားတာပါ။ မန်စီးတီးလို အသင်းမျိုးမှာ ကစားနိုင်တယ်ဆိုတဲ့ ခြေစွမ်းမျိုးကို ပြသပြီး အသင်းကို ကူညီသွားမယ်လို့လည်း တောင်ပံကစားသမား မာရက်ဇ်က ဆိုပါတယ်။ အယ်လ်ဂျီးရီးယားလက်ရွေးစင် မာရက်ဇ်ဟာ လက်စတာအသင်းနဲ့အတူ ၂၀၁၆ မှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ မာရက်ဇ်ဟာ လက်စတာအတွက် ကစားပေးတဲ့ ၃၇ ပွဲမှာ ၁၇ ဂိုး သွင်းယူနိုင်တာကြောင့် ပီအက်ဖ်အေက ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up